Powered by Blogger.

ခြေထောက်ခွဲစိတ်မှုခံခဲ့ရတဲ့ မန်ယူကစားသမား Valencia





ယခုရာသီ မန်ယူအသင်းမှာ ညာတောင်ပံနောက်ခံလူအဖြစ် ကစားနေတဲ့  Antonio Valencia  ဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကူသမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဒုတိယပိုင်းအရောက်မှာ Darmian နဲ့ လူစားလဲခဲ့ရပြီး  မစ်ဒယ်ဘရော့အသင်းနဲ့ ကတ်ပီတယ်ဝမ်းဖလားပွဲစဉ် ၊ ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်တို့ကိုလည်း လွဲချော်ခဲ့တာပါ။ အီကွေဒေါလက်ရွေးစင် ကစားသမားဟာ ခွဲစိတ်ကုသမှု မခံခင် ဓာတ်ပုံတစ်ပုံကိုလည်း တင်ထားခဲ့ပါတယ်။


အီကွေဒေါလက်ရွေးစင် ကစားသမားဟာ ဒဏ်ရာပြဿနာကနေ အမြန်ပြန်ကောင်းလာဖို့ မျှော်လင့်လျက်ရှိတယ်လို့လည်း သိရပါတယ်။ မန်ယူအသင်းဟာ  သူမရှိတဲ့နေရာမှာ
အခြားကစားသမားတွေဖြစ်တဲ့ Darmian နဲ့ Ashley Young တို့ကို အလှည့်ကျ ပွဲထုတ်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။






မန်ယူအသင်းဟာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံပြေးလမ်းပေါ်မှာပဲ ရှိနေခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ နှစ်မှတ်သာ ကွာဟတော့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ နောက်တန်းကစားသမားတွေဟာ ဒဏ်ရာတွေနဲ့ပဲ နှစ်ပါးသွားနေခဲ့ရတာဖြစ်ပြီး Luke Shaw ကလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် အနားယူနေရတယ်လို့ သိရပါတယ်။


နည်းပြ Van Gaal ကတော့ လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ အားဖြည့်မှုတွေ ပြုလုပ်ဖို့ကြိုးစားနေပြီး  ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး Ibrahimovic ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment