Powered by Blogger.

ပိုတိုးတက်လာတဲ့ ကစားပုံနဲ့ ပြန်လာမယ့် Payet






ဝက်စ်ဟမ်းအသင်းရဲ့ ကစားကွက် ပဲ့ကိုင်ရှင်  Dimitri Payet ဟာ ဒဏ်ရာကြောင့် အသင်းကနေ ကာလရှည်ကြာပျောက်ဆုံးနေမှာ ဖြစ်ပေမယ့် ပြန်ကစားနိုင်ချိန်မှာ ပိုကောင်းတဲ့ ခြေစွမ်းကိုပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။  ပြင်သစ်ကွင်းလယ်လူဟာ အသင်းအတွက် ငါးဂိုးအထိသွင်းယူပေးထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်ကို အရောက်ပို့ရာမှာ အရေးပါတဲ့ Icon ကစားသမားဖြစ်နေတာပါ။


သူဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သုံးလလောက် ကွင်းထဲက ပျောက်နေအုံးမယ်လို့ သိရပါတယ်။ ဘောလုံးဆွဲပြေးလာတဲ့အချိန်မှာ အနောက်ကနေ အဲဗာတန်ကွင်းလယ်လူ McCarthy က အဝင်ကြမ်းခဲ့လို့ Payet ရဲ့ ဒဏ်ရာက အတော်လေးကို ပြင်းထန်ခဲ့တာပါ။ ဝက်စ်ဟမ်းပရိသတ်တွေကတော့ သူဒဏ်ရာရသွားတာကြောင့် အတော်လေးကို စိတ်ပျက်ခဲ့ကြပြီး အခြားအားထားရတဲ့ တိုက်စစ်မှူးဖြစ်တဲ့ Enner Valencia ကလည်း ဒဏ်ရာရနေခဲ့တာဖြစ်ပါတယ်။


" ကျွန်တော် ပြန်သက်သာအောင် ကြိုးစားနေပါပြီ။ ပိုကောင်းလာတဲ့ ခြေစွမ်းရအောင် ကျွန်တော်အကောင်းဆုံး ကြိုးစားပြီး ပြန်လာပါ့မယ်။ မကြာခင်မှာ ပြန်တွေ့ကြပါမယ် " လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။  ဒီလို ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ကာလရှည်ကြာ ဒဏ်ရာရခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ဝက်စ်ဟမ်းအသင်းပိုင်ရှင်  David Sullivan ကတော့  Payet ကို အဖျက်ကြမ်းခဲ့တဲ့  McCarthy  ကို အနီကတ်တောင် ပြသင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment