Powered by Blogger.

Higuain ကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချယ်လ်ဆီး





ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်ကစားသမားတွေနဲ့  အမြဲတမ်းပြဿနာတက်နေတဲ့ တိုက်စစ်မှူး Diego Costa ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေနေပြီး
နာပိုလီတိုက်စစ်မှူး Higuain ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးပြဿနာကြုံတွေ့နေရပြီး အရန်တိုက်စစ်မှူးတွေဖြစ်တဲ့
Falcao နဲ့ Remy တို့ကလည်း ခြေစွမ်းပျောက်ဆုံးမှုနဲ့ ဒဏ်ရာအခက်အခဲတွေပါ ရှိနေခဲ့တာပါ။

အဓိကတိုက်စစ်မှူး Diego Costa ကတော့ ယခုရာသီအသင်းမှာ နှစ်ဂိုးသာသွင်းယူထားနိုင်ပြီး ခြေစွမ်းပျောက်ဆုံးနေတာကြောင့် Higuain ကို အရခေါ်ဖို့ ကြိုးစားလာတာပါ။


ဒါပေမယ့် နာပိုလီအသင်းကတော့ Higuain ကို နွေရာသီမှ ပြန်လည်ရောင်းချဖွယ် ရှိနေပြီး ဆောင်းရာသီမှာတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ခြင်္သေ့ပြာတွေကတော့ ဈေးကြီးပေးဝယ်သွားဖို့ အဆင်သင့်ရှိနေတယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EURO
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment