Powered by Blogger.

မှတ်တမ်းရုပ်ရှင်ပွဲဦးထွက်မှာ ဆရာဟောင်းတွေနဲ့ ပြန်တွေ့ခဲ့တဲ့ Ronaldo



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ Icon ကစားသမား Ronaldo ဟာ သူ့ရဲ့ မှတ်တမ်းရုပ်ရှင် ပွဲဦးထွက်မိတ်ဆက်ပွဲကို လန်ဒန်မြို့က လက်စတာစကွဲ မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Ronaldo ဟာ သူ့ရဲ့ ရုပ်ရှင်ပွဲဦးထွက်မှာ James Bond စတိုင်မျိုးနဲ့ သားနားနေခဲ့ပါတယ်။ အနီရောင်ကော်ဇောပေါ်မှာတော့ ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ Ronaldo နဲ့ Ferguson တို့ကိုလည်း

 ပြုံးပြုံးပျော်ပျော်နဲ့တွေ့ရပါတယ်။ ဒါ့အပြင် Jose Mourinho, Carlo Ancelotti စတဲ့ ဆရာဟောင်းတွေကလည်း တက်ရောက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။




Ferguson, Jose Mourinho, Carlo Ancelotti, Radamel Falcao, Gary Neville နဲ့ Louis Saha စတဲ့
ဘောလုံးလောက,က နာမည်ကျော်ပုဂ္ဂိုလ်တွေ အတော်များများအပြင် တခြားနယ်ပယ်က နာမည်ကျော်တွေလည်း တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။



သူ့ရဲ့ တွစ်တာအကောင့်မှာလည်း " လန်ဒန်ကိုလာရင် ကျွန်တော့်ရဲ့ ဇာတ်ကားပွဲဦးထွက်ကိုလည်း အားပေးကြပါအုံး။ လက်စတာစကွဲကို လာဖို့ဖိတ်ခေါ်ပါတယ် " လို့လည်း ရေးသားထားပါတယ်။
သူရဲ့ မိခင်ဖြစ်သူနဲ့ သားဖြစ်သူတို့ကိုလည်း ဒီမိတ်ဆက်ပွဲမှာ တွေ့ခဲ့ရပါတယ်။



သူ့ရဲ့ ဇာတ်ကားမှာတော့ ကစားသမားဘဝအစကနေ ၂၀၁၄ ချန်ပီယံလိဂ်ကို ရယူနိုင်ခဲ့တဲ့အထိ ပါဝင်တယ်လို့ သိရပါတယ်။သူ့ရဲ့ ရုပ်ရှင်ကိုတော့ အောင်မြင်မှုတွေ ရရှိဖို့  မျှော်မှန်းထားပြီး ဂျိန်းစ်ဘွန်း ဇာတ်ကားသစ် Spectre နဲ့ ရုံဝင်ငွေအပြိုင်ရရှိဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment