Powered by Blogger.

နပန်းစွမ်းရည်ပြခဲ့တဲ့ Rooney



မန်ယူတိုက်စစ်မှူး Wayne Rooney ဟာ ကွင်းထဲမှာ ကစားစဉ်မှာလည်း ဘယ်သူ့ကိုမှ မကြောက်ရွံ့တတ်တဲ့ ပုံစံနဲ့ ကစားတတ်ပြီး ကွင်းပြင်ပမှာလည်း ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိဘူးဆိုတာကို
သက်သေပြခဲ့ပါတယ်။ သူဟာ WWE နပန်းပွဲကို တက်ရောက်စဉ်အချိန်မှာ သူ့ရဲ့စွမ်းရည်ကို ပြသဖို့ ဖြစ်လာခဲ့ပါတယ်။


 WWE နပန်းသမား Wade Barret  က သူ့ကို နပန်းချဖို့ ပြင်ဆင်လာပါတယ်။ အဲ့ဒီအချိန်မှာ Rooney ဟာ အလျင်အမြန်ပဲ တိုက်ကွက်ဆင်ခဲ့ပြီး Wade Barrett ကို လှဲသိပ်ခဲ့ပါတယ်။ပါးကို ရိုက်ချလိုက်တာဖြစ်ပြီး 
Wade Barrett ကတော့ Rooney ရှေ့မှာ တုန်းကနဲ လှဲသွားရပါတယ်။


အဲ့ဒီအချိန်မှာ ပရိသတ်က တစ်ခဲနက်အားပေးသံကြီး ထွက်လာပြီး Rooney ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် နပန်းဘုရင် Wade Barrett ကတော့ ရှက်သွားခဲ့ပြီး " မှားပါတယ်ဗျာလို့ " ငိုသံနှောပြောပြသွားခဲ့တယ်လို့လည်း သိရပါတယ်။အင်္ဂလန်မှာ ပြုလုပ်ခဲ့တဲ့ ဒီနပန်းပွဲကိုတော့ Rooney နဲ့ အတူ လက်ထောက်နည်းပြ Ryan Giggs လည်း တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။


Rooney ဟာ သူ့ရဲ့ ဘောလုံးကွင်းတွင်း ခြေစွမ်းတွေကျဆင်းနေပေမယ့်လည်း ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်လို့ မီဒီယာတွေက သရော်ရေးသားခဲ့ကြပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment