Powered by Blogger.

Mourinho ကိုဆန့်ကျင်ရာမှာ Fabregas ဦးဆောင်နေတာ မဖြစ်နိုင်ပါဘူးလို့ Pique ပြော




ဘာစီလိုနာနောက်ခံကစားသမား Gerard Pique ဟာ ချယ်လ်ဆီးမှာကစားနေတဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း Fabregas ဟာMourinho ကို ဦးဆောင်ဆန့်ကျင်နေတဲ့ ကစားသမား မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်ပါတယ်။ ခြင်္သေ့ပြာတွေဟာ ခုနစ်ပွဲမြောက် ရှုံးပွဲကို တွေ့ကြုံလိုက်ရအပြီးမှာ Fabregas က ဦးဆောင်ပြီး Mourinho ကို အဝတ်လဲခန်းထဲမှာ ဆန့်ကျင်နေပြီလို့ ဗြိတိန်မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။


Goal.com ရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးအသင်းမှာဆိုရင် Mourinho ကို ထောက်ခံတဲ့ ကစားသမားအနည်းငယ်သာရှိတော့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာကာနောက်တန်းလူ Pique  ကတော့ သူ့ရဲ့  ကစားဖော်ဟောင်းဟာ အသက် ၅၂ နှစ်အရွယ် နည်းပြကို ဆန့်ကျင်နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အခိုင်အမာပြောလိုက်တာလည်း ဖြစ်ပါတယ်။


" သူ့မှာ ဒီလိုလုပ်ဆောင်ဖို့ အခွင့်အရေးမရှိနိုင်ပါဘူး။ ဗြိတိန်မီဒီယာတွေရဲ့ ယူဆချက်တစ်ချို့သာ ဖြစ်နိုင်ပါတယ်။ သူဟာ ဒီလို စိတ်ဓ
ာတ်မျိုး ရှိတဲ့သူတစ်ယောက် မဟုတ်နိုင်ပါဘူး " လို့ Pique  က ပြောလိုက်တာလည်း ဖြစ်ပါတယ်။ Pique နဲ့ Fabregas တို့ဟာ လာမာစီယာအကယ်ဒမီထွက်ကစားသမားတွေ ဖြစ်ပြီး  အခုထက်ထိ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်ရှိနေသေးတာပါ။ သူတို့ဟာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ အတူတွဲကစားခဲ့ဖူးပြီး အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ Fabregas ကို ဗြိတိန်ကို ပြန်အခြေချြခဲ့တာလည်း ဖြစ်ပါတယ်။


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment