Powered by Blogger.

Van Gaal နဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲက ဈေးကြီး ပစ်မှတ်များ




မန်ယူနည်းပြ Van Gaal ဟာ အခုအချိန်ထိ မန်ယူအသင်းမှာ ချိန်သားကိုက်မယ့် ကစားသမားဝယ်ယူမှုမျိုး မပြုလုပ်နိုင်သေးဘဲ ငွေကြေးပုံအောသုံးပြီးတော့ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိတိုက်စစ်စုဖွဲ့မှုက လျော့တိလျော့ရဲ အနေအထားမှာ ရှိနေခဲ့ပြီး မန်ယူအဆင့်နဲ့ အားရလောက်တဲ့ သွင်းဂိုးတွေကို မြင်တွေ့ရတာမျိုးတွေ မရှိသေးပါဘူး။


ဒါကြောင့် သူတို့ရဲ့ တိုက်စစ်ကို ထပ်ပြီး အားဖြည့်ဖို့အတွက် ကြေးကြီးကစားသမားနှစ်ယောက်ကို Van Gaal   က ဦးတည်ထားပါတယ်။ သက်ဆိုင်ရာ အသင်းတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးနေနိုင်တဲ့ အာဆင်နယ် တောင်ပံကစားသမား Alexis Sanchez နဲ့ ဘိုင်ယန်ကွင်းလယ်လူ Muller တို့ကို ငွေကြေးသုံးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် ကစားသမား Sanchez ကိုတော့ လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေပြီး မန်ယူအသင်းကလည်း စောင့်ကြည့်စာရင်းထဲကို ထည့်သွင်းထားတာပါ။ ဒီချီလီကစားသမားကတော့ လွယ်လွယ်နဲ့ ရမှာမဟုတ်သလို ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၆၀ လောက် အနည်းဆုံးအသုံးပြုရမယ်လို့ သိရတာကြောင့် Van Gaal အနေနဲ့ ကြိုက်ကြေးပေးပြီး ခေါ်ယူနိုင်ပါ့မလားလို့ တွေးမိပါတယ်။


ဒါ့အပြင် ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ Thomas Muller ကိုလည်း မန်ယူက ဆက်ပြီး ပစ်မှတ်ထားနေဆဲဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်မှာ လာကစားချင်နေတယ်လို့လည်း သတင်းတွေက အတည်ပြုပါတယ်။ သက်တမ်းတိုးစာချုပ်ကိစ္စအတွက်တော့ ဘိုင်ယန်မြူးနစ်နဲ့ Muller တို့ပဲ လက်မှတ်ထိုးဖို့ အဆင့်သာ ကျန်တော့တယ်လို့လည်း သိရပါတယ်။


မန်ယူက သူ့ကိုတော့ ပေါင်သန်း ၅၀ လောက်ပေးရဖွယ်ရှိနေပြီး စာချုပ်သကတမ်းတိုးပြီးသွားရင် ဒီထက်မက သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် ငွေကြေး သုံးစွဲတိုင်း အရာမထင်ဖြစ်နေတတ်တဲ့ Van Gaal ရဲ့ လူဝယ်ယူမှုတွေကတော့ အသင်းနဲ့ ချိန်သားကိုက်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment