Powered by Blogger.

ချယ်လ်ဆီးနည်းပြအဖြစ် ဆက်ရှိနေမည့် Mourinho




ချယ်လ်ဆီးနည်းပြ  Jose Mourinho ဟာ နိုင်ငံတကာပွဲစဉ်တွေ ပြီးသွားရင် နည်းပြရာထူးက ဖယ်ရှားခံရမယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင် Abramovich ကတော့ သူ့အသင်းကို နည်းပြကောင်းတွေကိုသာ ကိုင်တွယ်စေလိုတာကြောင့်  Mourinho ကို ဆက်လက်တာဝန်ယူခိုင်းလိုက်တာပါ။

Guardiola , Simeone စတဲ့ နာမည်ကြီး နည်းပြတွေကို ချယ်လ်ဆီးကို ကိုင်တွယ်စေချင်ပေမယ့်လည်း သူတို့ဟာ ရာသီကုန်လောက်မှသာ ဖြစ်နိုင်ဖွယ် ရှိနေတာကြောင့် Movich က အပြောင်းအလဲကို အလောသုံးဆယ်မလုပ်ခဲ့ဘဲနဲ့ Mourinho ကို ဆက်လက်တာဝန်ယူခိုင်းလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ချယ်လ်ဆီးအသင်းကတော့ လိဂ်ပွဲဆယ့်နှစ်ပွဲမှာ ခုနစ်ပွဲရှုံးထားပြီး ဇယားရဲ့ အဆင့်၁၆ နေရာကို ရောက်ရှိနေပြီး လိဂ်ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီလို့ သိရပါတယ်။ အသင်းပိုင်ရှင် Movich ကတော့ အသင်းကို နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရမှာကို စိုးရိမ်နေပြီး မော်ရင်ဟိုက အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola ကတော့ ပရီးမီးယားလိဂ်ကို လာရောက်ဖို့ မသေချာသေးပေမယ့် အက်သလက်တီကိုနည်းပြ Simeone ကတော့ အင်္ဂလန်ကို အခြေချဖို့လုပ်နေပြီး သူနဲ့


အပေါင်းအပါတွေကတော့ အင်္ဂလိပ်စကားကိုတောင် သင်ယူနေပြီလို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ Mourinho တို့ဟာ သြဂုတ်လအတွင်းကပဲ စာချုပ်လျော်ကြေး ပေါင်သန်း ၃၀ နဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုထားပေမယ့်လည်း ရာသီကုန်မှာတော့ Guardiola နဲ့ Simeone တို့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။


Mourinho ဟာ သူ့ရဲ့ အပြုအမူ အပြောအဆိုတွေကြောင့် အသင်းရဲ့ ကစားသမားတွေ ၊ ဝန်ထမ်းတွေနဲ့လည်း ကဆောက်ကဆဖြစ်တတ်ပြီးအသင်းရဲ့ဆရာဝန်မ Caneiro နဲ့ ပြဿနာဟာ အတော်လေးကို ဂယက်ထခဲ့ပါတယ်။ ဒါ့ကြောင့် Mourinho ကို အလားတူ လုပ်ရပ်မျိုးတွေ ထပ်မလုပ်တော့အောင် အသင်းတာဝန်ရှိသူတွေက အရေးယူပေးစေလိုနေပြီး အသင်းပရိသတ်တွေကတော့ ချယ်လ်ဆီးရဲ့ သမိုင်းနဲ့ ကိုက်ညီတဲ့ နည်းပြဟာ ဘယ်တော့မှ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment