Powered by Blogger.

ဒဏ်ရာကြောင့် အင်္ဂလန်နဲ့ပွဲကို လွဲချော်မယ့် Isco




စပိန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ချက်အရ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ Isco ဟာ ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်နဲ့ကစားမယ့် ခြေစမ်းပွဲမှာ မပါဝင်နိုင်ဘူးလို့ သိရပါတယ်။ Isco ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ကစားဖို့လည်း ကြံ့ခိုင်မှုလည်း မပြည့်ဝသေးဘူးလို့ အသင်းဆရာဝန်တွေက ပြောပါတယ်။ လက်ရှိချန်ပီယံ စပိန်အသင်းကတော့ အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစမ်းပွဲတွေမှာ လူစုံတက်စုံပါဝင်နိုင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။


စပိန်နည်းပြ Vicente Del Bosque ကတော့ စပိန်နောက်ခံလူတွေဖြစ်ကြတဲ့ Ramos နဲ့ Juanfran တို့ဟာလည်း ကြွက်သားဒဏ်ရာ အသီးသီးရရှိနေခဲ့တာကြောင့် Nacho နဲ့ De Marcos တို့ကို အစားထိုး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နဲ့ပွဲအနားကပ်လာမှ ဒဏ်ရာရခဲ့တဲ့ Isco နေရာမှာရော အစားထိုးခေါ်ယူမှုတွေ ပြုလုပ်ခြင်းရှိ/မရှိကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။


အင်္ဂလန်ဟာ အခုနောက်ပိုင်းမှာ ကောင်းမွန်လာတဲ့ခြေစွမ်းတွေကြောင့် စောင့်ကြည့်လာရမယ့် အသင်းစာရင်းထဲမှာ ပါဝင်လာတယ်လို့လည်း  သိရပါတယ်။ Isco ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆယ့်နှစ်ပွဲကစား တစ်ဂိုးသွင်းယူထားနိုင်တယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Eurosports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment