Powered by Blogger.

အင်္ဂလန်လက်ရွေးစင်အသင်းမှာ တိုက်စစ်နေရာအတွက် Rooney အာမခံချက်မရှိနိုင်တော့




အင်္ဂလန်အသင်းရဲ့တိုက်စစ်မှူးနဲ့ အသင်းခေါင်းဆောင်  Wayne Rooney ဟာ  အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ  အဓိကတိုက်စစ်မှူးအဖြစ် ဆက်ရှိနေနိုင်ဖို့ အာမခံချက်မရှိတော့ဘူးလို့ သိရပါတယ်။ နိုင်ငံအသင်းမှာ ပထမဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့် ရနိုင်ဖို့ စိန်ခေါ်မှုတွေ တဖြည်းဖြည်း ကြီးထွားလာပြီလို့ ကာယကံရှင်ကိုယ်တိုင်က ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ သူဟာ သောကြာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်အသင်းနဲ့ပွဲအပြီးမှာ အခုလိုဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။



အသက် ၃၀ ရှိပြီဖြစ်တဲ့ Rooney ဟာ နိုင်ငံအသင်းအတွက် သွင်းဂိုး ၄၉ ဂိုးနဲ့ Booby Charlton ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်ပြီးတဲ့နောက်မှာ ကစားခွင့်သိပ်မရတော့တာပါ။ သူ့နေရာမှာတော့ နောက်ပိုင်းပွဲတွေမှာ  စပါးအသင်းရဲ့တိုက်စစ်မှူး Harry Kane က အစားထိုး ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။


 အင်္ဂလန်နည်းပြ Roy Hodgson ကလည်း Rooney ဟာ စံချိန်ကောင်းတစ်ခုကို တင်ရှိနိုင်ခဲ့ပေမယ့်လည်း လာမယ့်ပွဲတွေမှာ တိုက်စစ်တစ်နေရာအတွက် အာမခံချက်မရှိဘူးလို့ ယတိပြတ်ပြောကြားထားပါတယ်။  Hodgson ဟာ အင်္ဂလလန်တိုက်စစ်ကို လူငယ်တွေနဲ့ တစ်ဖန် အသက်သွင်းပေးဖို့ အစီအစဉ်တွေ ချမှတ်နေတာကြောင့် ခြေစွမ်းကျဆင်းနေတဲ့ သက်ကြီးကစားသမားတွေကို အာမခံချက်မပေးနိုင်ဘူးလို့ ပြောခဲ့ပြီးလည်း ဖြစ်ပါတယ်။


 " အသင်းရဲ့ အပြောင်းအလဲကာလမှာ ဒီလိုမျိုးတွေက ဖြစ်ရိုးထုံးစံပါပဲ။ အသင်းမှာဆက်ကစားချုင်နေသေးရင် ကိုယ့်ကိုကိုယ်တိုးတက်အောင် အရင်ဆုံးပြောင်းလဲရပါလိမ့်မယ်။ နိုင်ငံအသင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုလို အားကောင်းလာဦးမယ့် တိုက်စစ်အစုအဖွဲ့မှာ ဆက်ပြီး ရှိနေချင်ပါသေးတယ်။  Danny Welbeck, Daniel Sturridge နဲ့ Theo Walcott တို့လို လူငယ်တိုက်စစ်မှူးကောင်းတွေလည်း ရှိနေသေးတယ်။ လာမယ့်ပြိုင်ပွဲတွေမှာ အကောင်းဆုံးကြိုးစားသွားမှာပါ " လို့ Rooney  က ပြောခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment