Powered by Blogger.

မန်ယူဂိုးသမား De Gea ကို ၂၀၁၆အရောက်တွင် ရီးရဲလ်ခေါ်ယူမည်




မန်ယူဂိုးသမား De Gea  ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပရိသတ်တွေကို စစ်တမ်းကောက်ခံခဲ့ရာမှာ အသင်းရဲ့ ပရိသတ် ရာနှုန်း ၇၀ ကျော်က ဒီနှစ်နွေမှာ အပြောင်းအရွှေ့မပြုလုပ်စေလိုဘဲ နောက်ထပ် တစ်နှစ်လောက် စောင့်ဆိုင်းပြီးမှ အလွတ်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖို့ ဆန္ဒပြုခဲ့ကြတယ်လို့ သိရပါတယ်။


 စပိန်နာမည်ကြီးသတင်းစာ Marca က ကောက်ယူလိုက်တဲ့ စစ်တမ်းအရ ၁၃၀၀၀ သော တော်ဝင်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ ဂိုးသမား Keylor Navas ကို နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်ထားဖို့ ဆန္ဒပြုခဲ့ကြပြီး  မန်ယူဂိုးသမား De Gea ကို  နောက်ထပ်တစ်နှစ်လောက် ထပ်မံစောင့်ဆိုင်းပြီးမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြံပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ငွေကြေးအကုန်အကျအများကြီးနဲ့ ဂိုးသမားတစ်ယောက်ကို မခေါ်ယူလိုတဲ့ အသင်းဥက္ကဌ Florentino Perez အတွက်တော့ ကောင်းမွန်တဲ့ သတင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးသမား  De Gea ကိုသာ မခေါ်ယူဖြစ်ခဲ့ရင် plan B အဖြစ်အက်စ်ပန်ညိုလ်ဂိုးသမား Kiko Casilla ကို ခေါ်ယူဖို့ရှိခဲ့ပေမယ့်လည်း အခုလိုပရိသတ်တွေရဲ့ ဆန္ဒကြောင့် မခေါ်ယူဖြစ်တော့ဘူးလို့ သိရပါတယ်။ အသင်းရဲ့လက်ရှိဂိုးသမား Navas ကတော့ De Gea သာ အသင်းကို ရောက်ခဲ့ရင် ဒုတိယဂိုးသမားအဖြစ် ဆက်ရှိမနေတော့ဘဲ အသင်းပြောင်းမှာ ဖြစ်တယ်လို့ တရားဝင်ပြောကြားထားခဲ့ပါတယ်။ မန်ယူဂိုးသမား De Gea ကို အသင်းကို ပြောင်းရွှေ့လာမယ်ဆိုတဲ့ သတင်းတွေကြောင့် လက်ရှိအသင်းခေါင်းဆောင်  Ramos အသင်းမှာ ဆက်ရှိနေတာဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။


Ramos ဟာ ရီးရဲလ်အသင်းမှာ သက်တမ်းတိုးစာချုပ်ချုပ်ဖို့ အချိန်ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပြီး စပိန်အသင်းဖော် De Gea နဲ့ တွဲကစားလိုခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ အခုလို နောက်တစ်နှစ် အကြာမှာ De Gea ရောက်လာမယ်ဆိုတဲ့သတင်းကြောင့် နောက်ခံလူ  Ramos ကိုပါ အခြားအသင်းတွေဆီကို လက်မလွှတ်ရဖို့ အခြေအနေကောင်းခဲ့ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်ဟာ ရလာတဲ့အခွင့်အရေးကို တစ်ချက်ခုတ်နှစ်ချက်ပြတ် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment