Powered by Blogger.

Messi သာ Ballon d’Or ဆုကို ရနိုင်ပါတယ်လို့ Ronaldo ထင်ကြေးပေး





၂၀၁၅ အတွက် Ballon d’Or ဆုကိုတော့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး Messi သာ ရရှိနိုင်ပြီး သူကတော့ လာမယ့်နှစ်တွေမှာ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ရီးရဲလ်စတား  Ronaldo က ITV ရဲ့
 Jonathan Ross Show မှာ ခန့်မှန်းစကားပြောခဲ့တာပါ။  Ronaldo ဟာ Ballon d’Or  ဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားပြီး အခုနှစ်မှာတော့ မက်ဆီဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် Messi က ပိုပြီး ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။


" ဒီဆုဟာ မဲပေးတဲ့သူတွေပေါ်မှာ မူတည်ပြီး Messi ကသာ ရရှိဖို့ အခြေအနေအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းက မနှစ်က အတော်လေးကို ကောင်းမွန်ခဲ့ပြီး ကိုယ့်ကိုကိုယ်တော့ အားရမိပါတယ်။ သူကတော့ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တော့ ပိုကောင်းမွန်ခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက်မှာ အကောင်းမွန်ဆုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဥရောပမှာ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး ဖြစ်ခဲ့လို့ ဂုဏ်ယူမိတယ်ဗျ။"


" FIFA က ဒီဆုကို ပေးတာ ရှစ်နှစ်ရှိပြီ အကြိမ်ရေအများစုကိုတော့ ကျွန်တော်တို့ နှစ်ယောက်ကပဲ ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိတယ်။ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ သူနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ မဟုတ်ကြပေမယ့်လည်း တစ်ယောက်ကို တစ်ယောက်လေးစားမှု အပြည့်ရှိတယ် " လို့ CR7 က ပြောပါတယ်။


ဒါပေမယ့် Ronaldo ဟာ လာမယ့်နှစ်တွေမှာတော့ ဒီဆုကို ရရှိနိုင်အုံးမယ်လို့ ယုံကြည်နေပြီး မြင့်မားတဲ့ ခြေစွမ်းကို နောက်ထပ် သုံးလေးနှစ်လောက် အထိထိန်းထားနိုင်အုံးမယ်လို့ ယုံကြည်နေပါတယ်။ " နောက်ထပ် ငါးနှစ် ၊ ခြောက်နှစ်လောက် ဆက်ကစားချင်သေးတယ်။ ကျွန်တော်ကတော့ အမှတ်တရဖြစ်စေမယ့် ပစ္စည်းတွေကို ရယူချင်သေးတယ်။ အဲ့လို ပစ္စည်းတွေကို မရယူနိုင်ခဲ့ရင် တစ်ဦးချင်းထူးချွန်ဆုတွေလည်း ရနိုင်မှာ မဟုတ်ဘူးထင်တယ် " လို့ ထပ်မံပြောကြားခဲ့ပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment