Powered by Blogger.

ဒေါ့မွန်ကစားသမား Gundogan ကို ခေါ်ဖို့တာစူနေတဲ့ ဂျူဗင်တပ်



စီးရီးအေချန်ပီယံ တူရင်သားတွေဟာ အားနည်းနေတဲ့ ကွင်းလယ်အတွက်  ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား Gundogan ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဒီကွင်းလယ်ကစားသမားဟာ နည်းပြ  Tuchel ရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာလည်း မန်ယူ ၊ ဘာစီလိုနာစတဲ့ အသင်းတွေကို ပြောင်းရွှေ့ဖြစ်မယ်လို့ သတင်းတွေ ကြီးခဲ့ပေမယ့်လည်း အသင်းမှာ ဆက်ရှိနေခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ်ကစားသမားကိုတော့ ဘာစီလိုနာကလည်း စောင်ကြည့်နေဆဲဖြစ်ပြီး သူတို့ရဲ့ အဓိကပစ်မှတ်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်တယ်လို့သိရပါတယ်။

ဘာစီလိုနာဟာ ပီအက်စ်ဂျီက Lavezzi ကိုလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့တွေ ပြန်ပြီး ဆောင်ရွက်ခွင့်ရတဲ့အချိန်မှာ ကစားသမားတွေကို အားစိုက်ဝယ်ယူသွားဖွယ် ရှိနေတာပါ။


 ဂျူဗင်တပ်အသင်းဟာ ကွင်းလယ်အထိုင်အတွဲဖြစ်တဲ့ Vidal နဲ့ Pirlo တို့ကို လက်လွတ်ရလိုက်ပြီး Marchisio ကလည်း ဒဏ်ရာရခဲ့တာကြောင့် ကွင်းလယ်မှာ အားနည်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ခက်ခဲတဲ့ ရာသီအစကို ရင်ဆိုင်ခဲ့ရတာပါ။ ဒေါ့မွန်အသင်းကတော့ သူတို့ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိဘဲ စာချုပ်သက်တမ်းတိုးဖို့သာ စီစဉ်နေခဲ့တာပါ။

 ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်သွားဖို့ရှိပြီး ဂျူဗင်တပ်ကတော့ အပြောင်းအရွှေ့ကိစ္စအတွက် အနီးကပ်ဆွေးနွေးလိုနေတယ်လို့လည်း သိရပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း လက်ရှိအသင်းမှာပဲ ပျော်ရွှင်နေပေမယ့်လည်း ချန်ပီယံလိဂ် ဖိုင်နယ်ရောက် အသင်းနှစ်သင်းကိုတော့ စိတ်လည်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment