Powered by Blogger.

UEFA အကောင်းဆုံး အယောက်လေးဆယ်တွင် ဗြိတိန်ကစားသမား စံချိန်တင်ရှားပါး




UEFA က ထုတ်ပြန်တဲ့ ၂၀၁၅ အကောင်းဆုံးအသင်းအတွက် ဆန်ကာတင် အယောက်လေးဆယ် စာရင်းမှာတော့ ပရီးမီးယားလိဂ်က Eden Hazard, Alexis Sanchez, Joe Hart နဲ့ Kevin De Bruyne စတဲ့ ကစားသမား လေးယောက်သာပါဝင်လာခဲ့ပြီးတော့ အဆိုးဆုံးအနေနဲ့ ဗြိတိန်ကိုယ်စားပြု ကစားသမားတွေအဖြစ် ရီးရဲလ်စတား Bale နဲ့ မန်စီးတီး ဂိုးသမား Joe Hart တို့သာ ပါဝင်လာပါတယ်။ အခုစာရင်းမှာတော့ ဘာစီလိုနာကတော့ MSN တိုက်စစ်သုံးယောက်အပါအဝင် ကစားသမား ရှစ်ယောက်အထိပါဝင်ခဲ့ပြီး အများဆုံးဖြစ်ခဲ့သလို ဘိုင်ယန်မြူးနစ်ကတော့ ခြောက်ယောက်အထိပါဝင်ပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


မန်စီးတီးဂိုးသမား Joe Hart  ကတော့ ဂိုးသမားနေရာမှာ Buffon, Manuel Neuer နဲ့ ဒီနီပရိုဂိုးသမား Denys Bokyo တို့နဲ့ အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပေမယ့်လည်း ဥရောပမှာ အောင်မြင်ခဲ့တဲ့ ပြိုင်ဘက်ဂိုးသမားတွေနဲ့ ယှဉ်လိုက်ရင်တော့ နောက်တစ်ဆင့်မှာပါဝင်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ နောက်တန်းနေရာမှာတော့ ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းတွေပြနေတဲ့ David Alaba တို့လို ခြေတက်ကစားသမားတွေလည်း ပါဝင်နေပြီး မန်စီးတီးကွင်းလယ်လူ De Bruyne ကတော့ ဝုလ်ဖ်ဘတ်အသင်းမှာ ကစားစဉ်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလို ပါဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။


UEFA ရဲ့ အကောင်းဆုံး ဘောလုံးကစားသမားအယောက်လေးဆယ်ကို နောက်တစ်ဆင့်အတွက် UEFA.com မှာ မဲပေးနိုင်ပြီး မနှစ်ကတော့ ပရိသတ်ပေါင်း ၈.၄ သန်း မဲပေးခဲ့ကြပြီး တိုက်စစ်မှူး Ronaldo ကတော့ ၆၂၃၀၄၆ မဲ အထိ ရရှိပြီး မဲအများဆုံးရခဲ့ပါတယ်။ မဲပေးမှုတွေကိုတော့ လာမယ့် ဇန်နဝါရီ ငါးရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလို ဥရောပ အကောင်းဆုံးစာရင်းမှာ အင်္ဂလန်ကစားသမားတွေ အရေအတွက်များများ မရခဲ့တာကြောင့် ပရီးမီးယားလိဂ်လိုနေရာမျိုးမှာ အင်္ဂလိပ်ကစားသမားတွေကို များများကစားခွင့်တွေပေးသင့်နေပြီလို့ သုံးသပ်လျက်ရှိကြပါတယ်။



ဥရောပအကောင်းဆုံးအသင်းအတွက် ဆန်ကာတင်အယောက်လေးဆယ်
========================================

GOALKEEPERS

Joe Hart (မန်စီးတီး), Gianluigi Buffon (ဂျူဗင်တပ်), Manuel Neuer (ဘိုင်ယန်မြူးနစ်), Denys Bokyo (ဒီနီပရို)

DEFENDERS


Dani Alves, Gerard Pique, Javier Mascherano (ဘာစီလိုနာ), David Alaba, Jerome Boateng (ဘိုင်ယန်မြူးနစ်), David Luiz, Thiago Silva (PSG), Diego Godin (အက်သလက်တီကို), Ricardo Rodriguez (ဝုလ်ဖ်ဘတ်), Sergio Ramos (ရီးရဲလ်မက်ဒရစ်), Leonardo Bonucci, Giorgio Chiellini (ဂျူဗင်တပ်)

MIDFIELDERS

Ivan Rakitic, Andres Iniesta (ဘာစီလိုနာ), Kevin De Bruyne (မန်စီးတီး), Eden Hazard (ချယ်လ်ဆီး), James Rodriguez (ရီးရဲလ်မက်ဒရစ်), Yevhen Konoplyanka, Grzegorz Krychowiak (ဆီဗီလာ), Hakan Calhanoglu (လေဗာကူဆင်), Arturo Vidal (ဘိုင်ယန်မြူးနစ်), Paul Pogba , Claudio Marchisio (ဂျူဗင်တပ်), Marco Verratti (PSG)

FORWARDS

Neymar, Luis Suarez, Lionel Messi (ဘာစီလိုနာ), Cristiano Ronaldo and Gareth Bale (ရီးရဲလ်မက်ဒရစ်), Robert Lewandowski, Thomas Muller (ဘိုင်ယန်မြူးနစ်), Zlatan Ibrahimovic (PSG), Sergio Aguero (မန်စီးတီး), Antoine Griezmann (အက်သလက်တီကို), Alexis Sanchez (အာဆင်နယ်), Alvaro Morata (ဂျုဗင်တပ်)




(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment