Powered by Blogger.

ငွေသုံးဖို့ လက်မတွန့်ဘူးဆိုတဲ့ Arsene Wenger


အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြ Arsene Wenger ကတော့ သူ့ကို ငွေသုံးစွဲရမှာ ကြောက်ရွံ့နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရယ်ရယ်မောမောနဲ့ပဲ ပြန်လည်ချေပခဲ့ပါတယ်။ ဒဏ်ရာရ ကစားသမားများပြားလွန်းနေတဲ့ အာဆင်နယ်အသင်းကတော့ ဒဏ်ရာရကစားသမားတွေကြောင့် လစ်လပ်နေတဲ့ နေရာတွေမှာ ပြန်လည် အသားကျစေဖို့ လာမယ့်အပြောင်းအရွှေ့တွေမှာ လူခေါ်ယူမှုတွေ ပြုလုပ်မယ့်ပုံမပေါ်ဘူးလို့ သတင်းတွေက ပြောပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးအနေနဲ့ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား Coquelin ကို သုံးလလောက်လက်လွှတ်ရမှာ ဖြစ်ပြီး သူ့နေရာမှာ အစားထိုးနိုင်မယ့် ခေါ်ယူမှုတွေကိုတော့ ပြုလုပ်ဖို့ နည်းပြ Wenger က ငွေသုံးတော့မှာ မဟုတ်ဘူးလို့ သတင်းတွေက ရေးသားခဲ့ကြတာပါ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့တဲ့နောက်မှာတော့ ကွင်းလယ်မှာ နေရာစုံကစားနိုင်မယ့် ကွင်းလယ်လူတစ်ယောက်ကို ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 ဒါ့ပေမယ့် ဝေဖန်သူတွေကတော့ ဒီလိုမျိုး ကိစ္စလောက်နဲ့တော့ ငွေသုံးမှာ မဟုတ်ဘဲ လက်တွန့်နေမှာ ဖြစ်တယ်လို့ ပြောနေကြတာပါ။ ဒါ့ကြောင့် နည်းပြ Wenger က " ကျွန်တော့် မိတ်ဆွေတွေတောင် အခုလိုမျိုး စဉ်းစားမိမှာ မဟုတ်ပါဘူး။ အဲ့လိုပြောနေတဲ့ သူတွေနဲ့ ညဘက်တစ်ခါလောက် အပြင်ထွက်ချင်မိတယ်။ အဲ့ဒီအခါမှ သူတို့ ကျွန်တော် ပိုက်ဆံသုံး မသုံးဆိုတာ သိမယ် " ဆိုပြီး ဥပမာပေးဖြေကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖွယ်ရှိနေပြီး  William Carvalho နဲ့ Lars Bender တို့လို ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ Sanchez , Ozil စတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုတွေနဲ့ အတူ ဂိုးတွေ ရယူနိုင်နေပြီး အသင်းရဲ့ ကွင်းလယ်ကစားသမား Ramsey ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် ဒိုင်နမိုဇာဂရက်ဘ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့တယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment