Powered by Blogger.

Pogba ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်မဖြစ်သေးဘူးလို့ Petit ပြော






 အာဆင်နယ် ၊ ချယ်လ်ဆီး ၊ ဘာစီလိုနာ စတဲ့ အသင်းတွေမှာ ကစားခဲ့တဲ့ ပြင်သစ်နာမည်ကျော် ကွင်းလယ်ကစားသမား Emmanuel Petit ကတော့ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကစားသမား Paul Pogba ဟာ ဆိုရင်တော့ ကစားပုံပျော့ပျောင်းလွန်းသေးပြီး ကွင်းလယ်ကို အုပ်အုပ်စီးစီးကစားနိုင်ဖို့ အရည်အချင်းတွေ လိုနေသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ပြင်သစ်လူငယ်ကစားသမားဟာ ဂျူဗင်တပ်အသင်း ဂန္တဝင်ကစားသမား Bianconeri ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီးတည်းက သူ့ရဲ့ ခြေစွမ်းလည်း ကျဆင်းနေခဲ့ပြီး အသင်းကလည်း စီးရီးအေ ၁၃ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်နေရာကို ရောက်ရှိလျက်ရှိပါတယ်။

ဥရောပမှာ အလားအလာအကောင်းဆုံး လူငယ်ကွင်းလယ်ကစားသမား Pogba ဟာ ကွင်းအတွင်းမှာ ဒီထက် လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုအပ်နေသေးတယ်လို့  Petit က ပြောပါတယ်။ " သူဟာ ကွင်းလယ်မှာ အုပ်ချုပ်နိုင်မှုလိုသေးတယ်။ ကွင်းလယ်ရဲ့ သူဌေး တစ်နည်းဖြင့် ကွင်းလယ်ဗိုလ်ချုပ်ပေါ့။ သူက ကွင်းလယ်မှာ အဲ့လိုကစားနိုင်ဖို့ ကစားပုံကို ခပ်မာမာကစားရမယ်။သူ့ကစားပေါက်က နူးညံ့နေသေးတယ်လို့ ထင်တယ်။ သူ့ အသင်းဖော်တွေ ကောင်းကောင်းကစားနိုင်ဖို့ သူလိုအပ်သေးတယ်။ "


" သူက အသင်းနဲ့ နည်းစနစ်ကျကျအံဝင်နိုင်ဖို့ ကြိုးစားရအုံးမယ်။ဘာလို့လည်းဆိုတော့ သူက Pogba ဖြစ်နေလို့ပါ။ သူက ကိုယ်ပိုင်ကစားပုံရှိတော့ ကိုယ့်နည်းကိုယ့်ဟန်လည်း ရှိတယ်လေ။ သူက ကွင်းထဲမှာ လွတါလွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ လိုအုံးမယ်။ သူ့ရဲ့ အရည်အချင်းတွေနဲ့ ပွဲတစ်ပွဲကို ဘယ်နည်းဘယ်ဟန်နဲ့ ချဉ်းကပ်ရင် ပိုကောင်းလာမယ်ဆိုတာကို အနံ့ခံတတ်ဖို့လိုတယ်။ သူ့မှာ ကစားပုံနဲ့လည်း အံဝင်သလို ထိန်းချုပ်မှုမရှိဘဲ စိတ်ကြိုက်ကစားနိုင်ဖို့ လိုသေးတယ်ထင်ပါတယ် " လို့  Petit က ပြောပါတယ်။


အခုရာသီမှာ ဂျူဗင်တပ်အသင်းနဲ့ အတူ ခြေစွမ်းအနည်းငယ်ကျဆင်းနေတဲ့ မန်ယူကစားသမားဟောင်း Pogba ကို ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အနည်းဆုံး ပေါင်သန်းခြောက်ဆယ်လောက် သုံးစွဲနိုင်ဖို့ လိုအပ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the Guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment