Powered by Blogger.

၂၀၁၅ဘဏ္ဍာနှစ်မှာ ပေါင် ၂၃.၁ သန်း အရှုံးပေါ်ခဲ့တဲ့ ချယ်လ်ဆီး





ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း ပေါင် ၂၃ သန်းကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ်ထုတ်ပြန်တဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာတော့ ချယ်လ်ဆီးဟာ ဝင်ငွေ ပေါင် ၃၁၄ သန်းရှိခဲ့ပြီး  ၂၀၁၄ က ပေါင် ၃၁၉ သန်းထက် လျော့ကျခဲ့တယ်လို့ သိရပါတယ်။ အခုလို အရှုံးပေါ်ခဲ့တာကြောင့် အသင်းဟာ UEFA က ထုတ်ပြန်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ငြိစွန်းနိုင်ချေတွေရှိလို့ စွဲချက်တင်ခံရနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။


၂၀၁၄ မှာတော့ ပေါင် ၁၈.၄ သန်းအထိ အကျိုးအမြတ်ရခဲ့တဲ့ အသင်းဟာ ထူးထူးခြားခြား ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့နှစ်မှာပဲ အခုလို ပေါင် သန်းနှစ်ဆယ်ကျော် အရှုံးပေါ်ခဲ့ရပါတယ်။ အသင်းပိုင်ရှင် ရုရှားသူဌေး Roman Abramovich ကတော့ အသင်းဟာ  Yokohama တာယာကုမ္ပဏီနဲ့ တစ်နှစ်ကို ပေါင်သန်းလေးဆယ်တန်တဲ့အကျီ င်္ရင်ဘတ်စပွန်ဆာ စာချုပ်ချုပ်နိုင်ခဲ့လို့ အကျိုးအမြတ်ကိုပဲ မျှော်မှန်းခဲ့ပေမယ့်လည်း အခုလိုပဲ အရှုံးပေါ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အသင်းရဲ့

ဘဏ္ဍာရေးတာဝန်ခံ Bruce Buck ကတော့ သူတို့အသင်းဟာဆိုရင်တော့ ရင်ဘတ်စပွန်ဆာအပြင် ချန်ပီယံလိဂ်ဆုကြေး ၊ ရုပ်သံပြသမှု စတဲ့ အခန်းကဏ္ဍတွေကနေ အကျိုးအမြတ်တွေကို ထပ်မံ ရရှိနိုင်အုံးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းဟာ ရာသီအစမှာ ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် အသင်းဟာ အဖက်ဖက်ကနေ ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

UEFA ကတော့ အသင်းတွေရဲ့ ဘဏ္ဍာရေးအင်အားကို တည်ငြိမ်တောင့်တင်းနေစေပြီး အချိန်ကြာကြာ ရပ်တည်နေနိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးစည်းမျဉ်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အရှုံးငွေပမာဏများတဲ့ အသင်းတွေကို ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းကတော့ အခုလို ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် UEFA ရဲ့ ပြစ်ဒဏ်တွေကို မကြာခဏခံရတတ်တယ်လို့ သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment