Powered by Blogger.

ဘရာဇီးတိုက်စစ်မှူး Pato ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူးလ်




ဘရာဇီးတိုက်စစ်မှူး Alexandre Pato ကို လီဗာပူးလ်အသင်းကတော့ ပေါင် ၁၁ သန်းလောက်နဲ့ ခေါ်ယူချင်နေပြီး ကစားသမားကို တခြား ပရီးမီးယားလိဂ်ကလပ်တွေနဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းက အငှားချထားလို့ ဆာပေါ်လိုအသင်းမှာ လက်ရှိကစားနေတဲ့ အေစီတိုက်စစ်မှူးဟောင်းကို စပါးအသင်းကလည်း တရားဝင်ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ London Evening Standard  သတင်းက ဖော်ပြထားပါတယ်။

သူဟာ ဘရာဇီးမြေမှာ ပြန်လည်ခြေစွမ်းပြကစားလျက်ရှိတာကြောင့် လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ အသင်းကြီးတွေက ပြန်လည် ခေါ်ယူဖို့ မျက်စိကျလျက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူဟာ အခုလောလောဆယ်တော့ ဆာပေါ်လိုအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေပြီးကိုရင်သီယန်အသင်းကလည်း ငွေလိုနေတာကြောင့် ရောင်းထုတ်ဖို့သာ စိတ်အားထက်သန်လျက်ရှိနေပါတယ်။ Pato ရဲ့ အေးဂျင့်ဖြစ်သူတွေကတော့ ကစားသမားကို လာမယ့်အပြောင်းအရွှေ့မှာ အင်္ဂလန်ကို ပြန်ရောက်စေဖို့ အားထုတ်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


အသက်၂၆ နှစ်အရွယ်ကစားသမားဟာ သူငယ်ရွယ်စဉ်ကတော့ ဘရာဇီးရဲ့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် အီတလီဘောလုံးလောကရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပါ။ Pato ကတော့ ဥရောပဘောလုံးလောကကို ပြန်အခြေချဖို့ စိတ်အားထက်သန်နေပြီး လီဗာပူးလ်အသင်းနဲ့ သူ့ခြေစွမ်းက အကောင်းဆုံးတွဲဖက်မှုဖြစ်စေလိမ့်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။ လီဗာပူးလ်အသင်းကတော့ Pato ကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်


ဖီအိုရင်တီးနားတိုက်စစ်မှူး Babacar ကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ် မရှိတော့ပါဘူး။ အသင်းရဲ့ ဂျာမန်နည်းပြ Klopp ကတော့ Pato နဲ့ လာဇီယို ကွင်းလယ်လူ Lucas Biglia တို့ကိုပဲ အဓိကပစ်မှတ်တွေအဖြစ် အားစိုက်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment