Powered by Blogger.

ဒဏ်ရာပေါ်ဒဏ်ရာဆင့်နေတဲ့ Sturridge


 


အသက် ၂၆ နှစ်အရွယ် လီဗာပူးလ်တိုက်စစ်မှူး Sturridge ကတော့ ဒူးဒဏ်ရာကပြန်ကောင်းလာပြီး ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့်လည်း ခြေထောက်ဒဏ်ရာ ထပ်ရရှိခဲ့တယ်လို့ သိရပါတယ်။ သူရဲ့ ခြေထောက်မှာ မအီမသာဝေဒနာကို ခံစားလာရတာကြောင့် scan ဖတ်ခဲ့ရပြီး အဖြေအနေနဲ့ ခြေထောက်မှာ ဒဏ်ရာတစ်ခုထပ်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ အောက်တိုဘာ ၄ ရက်နေ့တည်းက ဒူးဒဏ်ရာကြောင့်အနားယူနေရပြီး ကြာသပတေးနေ့တည်းက ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အခုလို ပဉ္စလက်ဆန်ဆန် ခြေထောက်ဒဏ်ရာတစ်ခု ထွက်ပေါ်လာခဲ့တာပါ။

သူ့ရဲ့ အခြေအနေတွေအားလုံးကို ကျွန်တော် သေချာကို မသိရဘူး လို့ နည်းပြ Klopp က ပြောပါတယ်။ " ကျွန်တော် သူ့ဒဏ်ရာအခြေအနေကို အတိအကျ မပြောတတ်ဘူး။ ကျွန်တော်တို့က ပွဲထွက်ကစားမယ့် ကစားသမားတွေကို တစ်ဖက် ၊ အခြားဒဏ်ရာရကစားသမားနဲ့ အရန်ကစားသမားတွေကို တစ်ဖက် အဲ့လိုမျိုးလေ့ကျင့်တာဆိုတော့ သူ့အခြေအနေမှန်ကို ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ ကစားပွဲနီးခါနီးမှ သူ့မှာ နောက်ထပ်ဒဏ်ရာရှိနေတယ်ဆိုတာ သိရတာပါ။ ကျွန်တော်တို့ အချိန်တော့ ထပ်စောင့်ရမယ်ထင်တယ်။ဘယ်လောက်မှန်းတော့ အတိအကျ မသိရသေးပါဘူး။ " လို့ Klopp ကပြောပါတယ်။

Sturridge ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သုံးပွဲသာကစားရသေးပြီး ၂၀၁၅ ခုနှစ်အတွင်းမှာတော့ ၁၈ ပွဲသာ ကစားရသေးတာဖြစ်ပါတယ်။ ယခင်ရာသီကလည်း ပေါင်ဒဏ်ရာကြောင့် ငါးလလောက်အနားယူခဲ့ရပြီး ပြန်မကစားနိုင်ခင်မှာ ပေါင်ခြံဒဏ်ရာတစ်ခုကိုပါ ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။


မတ်လအတွင်းက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ပွဲမှာတော့ တင်ပါးဒဏ်ရာ ထပ်ရခဲ့ပြီး သူကစားရတဲ့ အခွင့်အရေးကို မရှိသလောက်ဖြစ်စေခဲ့တာပါ။ သူဟာ ဒဏ်ရာတွေကို အမေရိကန်နိုင်ငံမှာ သွားရောက်ကုသခဲ့ရပြီး အခုရာသီ စပါးအသင်းကို သရေကျခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာကို ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Sturridge ဟာ လီဗာပူးလ်အသင်းအတွက် ပွဲ ၇၀ ကစားထားပြီး ၄၂ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာကြောင့် အသင်းအတွက် အရေးပါတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုရမှာပါ။




(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment