Powered by Blogger.

ချယ်လ်ဆီးနဲ့ Harry Kane ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ဝမ်းမြောက်နေတဲ့ စပါးနည်းပြ Pochettino







စပါးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး Harry Kane အပေါ် ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို စပါးအသင်းရဲ့ နည်းပြ Mauricio Pochettino က ထောက်ခံလိုက်ပြီး တိုက်စစ်မှူးကတော့ အသင်းမှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။ ချယ်လ်ဆီးအသင်းကတော့ တိုက်စစ်မှူး Diego Costa ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့်  ခြေစွမ်းကောင်းတဲ့တိုက်စစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး ဒီနှစ်ပရီးမီးယားလိဂ်မှာ ကိုးဂိုးအထိသွင်းယူထားနိုင်တဲ့ Harry Kane ကို ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။


ဒါပေမယ့်လည်း စပါးအသင်းနည်းပြ Pochettino ကတော့ သူတို့တိုက်စစ်မှူးကို အခုလိုခေါ်ယူဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီးနည်းပြ Mourinho ကို လက်လျှော့ဖို့ပြောလိုက်ပြီး Kane ရဲ့ ရည်မှန်းချက်တွေဟာ စပါးအသင်းနဲ့သာ အတူရှိနေတယ်လို့ ပြောပါတယ်။


" အင်အားကြီးအသင်းတစ်သင်းက ကျွန်တော်တို့ ကစားသမားကို စိတ်ဝင်စားနေတယ်ဆိုတာ သိရလို့ ဝမ်းသာမိပါတယ်။ ဒါဟာ အသင်းကစားသမားတွေရဲ့ ကောင်းမွန်တဲ့ခြေစွမ်းတွေကြောင့် ဖြစ်ပေါ်လာတာပါ။ သူတို့ အခုလိုလာချိတ်ဆက်တာကလည်း သူတို့အတွက် ကောင်းပါတယ် " လို့ Pochettino  က ဆိုပါတယ်။


" Harry ကတော့ အသင်းပြောင်းမှာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူကအသင်းမှာ ပျော်နေပြီး တိုးတက်မှုတွေကို ရှာဖွေနေပါတယ်။ အသင်းနဲ့ အောင်မြင်မှုတွေကို ဆာလောင်နေပါတယ်။ " လို့ Pochettino  က ထပ်ပြောခဲ့ပါတယ်။ Kane ဟာ ရာသီအစမှာတော့ ခြေစွမ်းကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း အခုနောက်ပိုင်းမှာ ပွဲတိုင်းနီးပါးဂိုးသွင်းထားနိုင်တာပါ။ စပါးအသင်းကတော့  ချယ်လ်ဆီးအသင်းကို တနင်္ဂနွေနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment