Powered by Blogger.

လက်စတာရဲ့ အောင်မြင်မှုသော့ချက်






ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းနေတဲ့ လက်စတာအသင်းဟာဆိုရင်တော့ သူတို့ရဲ့ ရလဒ်ကောင်းနေရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖော်လိုက်ပါတယ်။ နည်းပြ Ranieri ရဲ့ လက်အောက်မှာ လက်စတာအသင်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံတစ်ခုနဲ့ ခြေစွမ်းပြပြီး  တောက်ပနေခဲ့ပါတယ်။


သူတို့အသင်းဟာ အသင်းတွေနဲ့ မကစားမီမှာ သိပ္ပံနည်းကျ အာရုံစူးစိုက်မှုတွေ ၊ အသင်းနဲ့ လိုက်လျောညီထွေ ကစားနိုင်မယ့် ပြိုင်ပွဲဗျူဟာတွေနဲ့ ပြိုင်ဘက်တွေရဲ့ ကစားပုံစနစ်တွေကို ပွဲမတိုင်ခင် စနစ်တကျ လေ့လာထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ခုနစ်လတုန်းကတော့ ကင်းပါဝါအသင်းသားတွေဟာ ဇယားအောက်ခြေနားမှာ ရုန်းကန်နေခဲ့ရပြီး တန်းဆင်းဇုန်ကနေ မနည်းရုန်းထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက နည်းပြ  Ranieri  စတင်ကိုင်တွယ်စဉ်မှာပဲ အသင်းကို တည်ငြိမ်အောင်တည်ဆောက်နိုင်ခဲ့ပြီး နောက်ဆုံး ၂၂ ပွဲ ကစားခဲ့ရာမှာတော့ ၁၅ ပွဲနိုင်ပြီး ၂ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းကောင်းကို ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာလည်း အဆင့်တစ်နေရာကို တက်လှမ်းနိုင်တဲ့အထိ ခြေစွမ်းကောင်းလာခဲ့ပြီး အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကလွဲပြီး အခြားပွဲစဉ်တွေကို သရေနဲ့အနိုင်ရအောင် ကြိုးစားကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။နည်းပြ  Ranieri ဟာ အသင်းမှာ ရှိရင်းစွဲကစားသမားတွေကို အားပြုပြီး အသင်းကို အကောင်းဆုံးပြန်ဖြစ်လာအောင် အစီအစဉ်တွေ ချမှတ်ခဲ့ပါတယ်။

Danny Drinkwater  လို အသင်းမှာ ရှိရင်းစွဲ ကွင်းလယ်လူကို ကစားကွက်မှာ ပိုနေရာပေးခဲ့ပြီး အကောင်းဆုံးပြန်ဖြစ်လာအောင် ပြုလုပ်ခဲ့ပါတယ်။ လက်စတာအသင်းရဲ့ ကင်းထောက်အဖွဲ့ကလည်း အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါခဲ့ပြီး ကိန်းအသင်းကွင်းလယ်လူ Kante လို အရည်အချင်းရှိတဲ့ ကွင်းလယ်အထိုင် ရွက်ပုန်းသီးကစားသမားကို ခေါ်ယူလိုက်ပါတယ်။

ဒါ့အပြင် လက်စတာသရဖူမှာ စိန်ဖူးဖြစ်နေကြတဲ့ ဖလိဝုဒ်တောင်း အပျော်တမ်းတိုက်စစ်မှူး Vardy နဲ့ လီဟာဗေးကွင်းလယ်လူ Mahrez တို့ကို ခေါ်ယူခဲ့ပါတယ်။ ရလဒ်အနေနဲ့ Kante က ဘောလုံးဖြတ်တောက်မှု ၅၅ ကြိမ်အထိ ပြုလုပ်ပြနိုင်ခဲ့ပြီး ၊ Drinkwater ကတော့ ဘောလုံးပေးပို့မှုပေါင်း ၅၂၈ ကြိမ်အထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

နည်းပြ Ranieri  ကတော့ " ကျွန်တော်တို့ဟာထိပ်ဆုံးနေရာကို ရောက်ဖို့အတွက် ဖြည်းဖြည်းချင်းတက်လှမ်းနေပါတယ်။ ကျွန်တော်တို့ရဲ့ ယခုရာသီ ရည်မှန်းချက်ကတော့ ရမှတ်လေးဆယ်လောက်အထိ ရယူနိုင်ဖို့ပါပဲ။ အသင်းပရိသတ်တွေကတော့ လိဂ်ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်လို့ ပျော်နေကြတယ် "  လို့ ပြောကြားခဲ့ပါတယ်။ လက်စတာအသင်းကတော့ စနေနေ့ည ၁၂ နာရီမှာ မန်ယူအသင်းကို ကင်းပါဝါအားကစားကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment