Powered by Blogger.

Lingard ဟာ Iniesta နဲ့ အလားသဏ္ဍာန်တူတယ်လို့ မန်ယူနည်းပြဟောင်း Meulensteen ပြော






မန်ယူအသင်းနည်းပြဟောင်း Rene Meulensteen ကတော့ မန်ယူအသင်းမှာ ခြေစွမ်းပြကစားလျက်ရှိနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ  Jesse Lingard ဟာ ဘာစီလိုနာရဲ့ icon ကွင်းလယ်ကစားသမား Andres Iniesta နဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်ပြီး ချီးကျူးခဲ့ပါတယ်။ အသင်းရဲ့ မဂ္ဂဇင်းဖြစ်တဲ့  United Review နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Meulensteen  က " ကျွန်တော် သူ့ကို  အင်္ဂလိပ် Iniesta တစ်ယောက်လို မြင်မိပါတယ်။ သူက ကစားသမားဘဝကို ဖြတ်သန်းဖို့ အများကြီးလိုသေးပေမယ့်လည်း သူ့ကို အဲ့လိုမျိုးကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ပဲ မြင်မိပါတယ် " လို့ ပြောပါတယ်။


Lingard ဟာ ၂၀၁၄-၂၀၁၅ ရာသီမှာ အသင်းကြီးမှာ ပွဲထွက်ခွင့်စတင်ရရှိခဲ့ပြီးတော့ လူငယ်ကစားသမားဘဝကို အငှားစာချုပ်များစွာနဲ့ ကလပ်အသင်းပေါင်းများစွာမှာ ဖြတ်သန်းခဲ့ရပါတယ်။ အခုရာသီမှာတော့  Juan Mata ရဲ့ နောက် လူစားဝင်ကစားသမားအဖြစ်သာ နေနေရပေမယ့်လည်း ကစားခွင့်ရတဲ့အချိန်မှာ  သူဟာ တောင်ပံကနေ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် နောက်ဆုံးနှစ်ပွဲမှာ

ပွဲထွက်ကစားသမား တစ်နေရာကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး စနေနေ့က ကစားခဲ့တဲ့ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ပွဲမှာလည်း Depay အတွက် တိုက်စစ်လမ်းကြောင်းတွေ ပွင့်အောင် ကူညီနိုင်ခဲ့ပါတယ်။


နည်းပြ Van Gaal ကတော့ မန်ယူရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို ကြိုက်နှစ်သက်လျက်
ရှိနေတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာလည်း ပထမဆုံးအကြိမ်ခေါ်ယူခံခဲ့ရပါတယ်။ သူ့ရဲ့ ခြေစွမ်းဟာ တစ်လအတွင်းမှာ သိသိသာသာ တိုးတက်လာခဲ့တာကြောင့် မန်ယူ ပရိသတ်တွေက အားရလျက်ရှိပြီး လူငယ်အရင်းအမြစ် ရှားပါးနေတဲ့ အင်္ဂလန်အသင်းအတွက်လည်း ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ယောက်ကို ရရှိနိုင်မယ်လို့ မျှော်လင့်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Bleacherreport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment