Powered by Blogger.

ချယ်လ်ဆီးအသင်း ခြေစွမ်းပြန်ပြလာမှုရဲ့ လျို့ဝှက်ချက်



ချယ်လ်ဆီးအသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးဝါးနေခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ပြန်ကောင်းလာခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ မက္ကာဘီတဲလ်အဗစ်နဲ့ ပွဲမှာလည်း  လေးဂိုးပြတ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အခုလိုပြန်လည်ခြေစွမ်းပြလာနိုင်တဲ့ လျို့ဝှက်ချက်ကတော့ ချယ်လ်ဆီးအသင်းဟာ ယောဂဆရာတစ်ဦးကို ခေါ်ယူပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးရေးကျင့်စဉ်တွေကို ပြုလုပ်ပေးနေလို့ဖြစ်ပါတယ်။

Vinay Menon လို့အမည်ရတဲ့ အိန္ဒိယ ယောဂဆရာတစ်ယောက်ကို အသင်းမှာခေါ်ယူ လေ့ကျင့်ပေးနေတာဖြစ်ပြီး ကစားသမားတွေရဲ့ အတွင်းစိတ်ကို အဓိကထား လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ယောဂဆရာဟာ အသင်းက ကစားသမားတွေကို လေ့ကျင့်ရေး အစီအစဉ်တွေ ပြီးဆုံးချိန်မှာ ဖိအားတွေနဲ့ ကြွက်သားတင်းမာမှုတွေကို လျှော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေကို အဓိကထား ပြုလုပ်ပေးနေတာပါ။ Menon ဟာ စိတ်နဲ့ ခန္ဒာကိုယ်နဲ့ကို ပြန်လည်တွဲမိစေမယ့် အသက်ရှူလေ့ကျင့်ခန်း တွေကို ပြုလုပ်ခိုင်းပြီး ကစားသမားတွေရဲ့ စိတ်တည်ငြိမ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အနားယူရမှုတွေကို အကောင်းဆုံးအခြေအနေတစ်ခုရောက်အောင် လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

 အခုလိုလေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ နူးညံ့တဲ့ ဘယ်ရီသီး ၊ ဒိန်ချဉ် ၊ လျှော်စေ့ဆီ နဲ့ သဘာဝအခွံမာစေ့တွေကို အကူအညီဖြစ်စေဖို့ ကစားသမားတွေကို စားခိုင်းတယ်လို့လည်း သိရပါတယ်။
ပေါင် ၁၈၀ သာ ကုန်ကျတဲ့ ဒီကျင့်စဉ်ဟာတော့ အသင်းအတွက် များစွာ အကျိုးရှိစေခဲ့ပြီး ခြေစွမ်းပျောက်ပြီး စိတ်ဓာတ်ကျဆင်းနေတဲ့ ကစားသမားတွေအတွက်လည်း အထူးကောင်းမွန်နေတယ်လို့ သိရပါတယ်။


ကျင့်စဉ်အတွင်းမှာ  ကစားသမားတွေဟာ လေးဆယ့်ငါးမိနစ်ကြာ တရားထိုင်ရပြီး ဘယ်ရီသီးလို နူးညံ့တဲ့ အစားအစာတွေကို မနက်စာအဖြစ်စားသုံးရပါတယ်။နေ့လည်မှာတော့ အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်စွမ်းရှိတဲ့ အသီးခြောက်တွေကို စားသုံးရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့်  ချယ်လ်ဆီးအသင်းပရိသတ်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့  ပြန်လည်တိုးတက်မှုတွေ ရရှိလာတဲ့ ချယ်လ်ဆီးအသင်းကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ 


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment