Powered by Blogger.

Ronaldo ကို ကိုယ်ဝန်လွယ်ထားရတုန်းက ဖျက်ချဖို့ ကြံစည်ခဲ့တယ်လို့ မိခင်ဖြစ်သူဝန်ခံ



Ronaldo ရဲ့ မိခင်ဖြစ်သူ Maria Dolores dos Santos Aveiro ဟာ Ronaldo ကို ကိုယ်ဝန်လွယ်ထားရစဉ်အချိန်မှာ ကိုယ်ဝန်ဖျက်ချပစ်ဖို့အထိ ကြိုးစားခဲ့ဖူးတယ်လို့ ဝန်ခံလိုက်ပါတယ်။ Ronaldo ဟာ ငယ်စဉ်ဘဝကတော့ အတော်လေးကို ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ ကြိုးစားမှုတွေကြောင့်သာ ကမ္ဘကျော်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။ သူဟာ ဘောလုံးလောကမှာမက အခြားနယ်ပယ်တွေမှာပါ ထူးချွန်ခဲ့ပြီး ကိုယ်ပိုင်အဝတ်အစား ၊ ကိုယ်ပိုင်ရေမွှေး ၊ ကိုယ်ပိုင်မှတ်တမ်းရုပ်ရှင်တွေကိုပါ ထုတ်လုပ်နိုင်တဲ့ အထိ အောင်မြင်ခဲ့တာပါ။


" သူ့ကိုလွယ်ထားတုန်းကဆို  ကိုယ်ဝန်ဖျက်ချချင်ခဲ့မိတာ ၊ ဘုရားကတော့ မဖျက်ချစေချင်ခဲ့ဘူး။ ဒီလို လုပ်ဖို့အထိ စိတ်ကူးခဲ့တဲ့ ကျွန်မကို ဘုရားက အပြစ်ပေးသင့်ပါတယ်။ " လို့ မျက်ရည်လည်ရွှဲ ပြောကြားသွားခဲ့တာပါ။ Ronaldo ရဲ့ မှတ်တမ်းရုပ်ရှင်ဟာဆိုရင်ဖြင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ စတင်ရုံတင် ပြသတော့မှာဖြစ်ပြီး အောင်မြင်မှုတွေ ရရှိဖို့လည်း ရည်မှန်းထားတာပါ။ Ronaldo ဟာဆိုရင်တော့ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုကို ဝမ်းနည်းခဲ့ပေမယ့် မေ့ပျောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။


 " ကျွန်တော် မန်ယူမှာ ကစားနေတုန်း ၂၀၀၅ ခုနှစ်မှာ အဖေကွယ်လွန်ခဲ့တယ်။ ကွယ်လွန်တော့မယ်ဆိုတာလည်း ကျွန်တော်သိနေတယ်။ သူက နေ့တိုင်းသောက်နေတာလေ။ အခုအချိန်မှာတော့ မေ့ဖျောက်နိုင်ခဲ့ပြီး သားလေးကိုပဲ ဂရုစိုက်နေတယ်လေ။ ကျွန်တော် ဒီလိုအောင်မြင်နေခဲ့တာတော့ သူမြင်မသွားဘူးပေါ့ " လို့ Ronaldo က ပြောပါတယ်။ ဒါပေမယ့် Ronaldo ဟာဆိုရင် သူ့ရဲ့သားလေးရဲ့ မိခင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အခုထက်ထိ ဖုံးကွယ်ထားသေးတယ်လို့လည်း သိရပါတယ်။


အဓိက ပြိုင်ဘက် Messi နဲ့ ပတ်သက်ပြီးတော့လည်း CR7 က "  သူက ကျွန်တော့်ကို အရည်အချင်းတွေ ပိုမိုတိုးတက်အောင် အဓိက လုပ်ပေးတဲ့ကစားသမားပါ။ သူ့အတွက်လည်း ကျွန်တော်က အဲ့ဒီလိုပါပဲ။ မှတ်မှတ်ရရ ရှိနေတာကတော့ Balloon d'OR ဆုပေးပွဲမှာ ကျွန်တော့်ရဲ့ သားလေးကို သူနမ်းသွားခဲ့တာလေးပေါ့ " လို့ ဖြေပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment