Powered by Blogger.

အင်္ဂလန်ကို ပြန်ရောက်လာတဲ့ Steven Gerrard





လီဗာပူးလ်အသင်းမှာ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အသင်းခေါင်းဆောင်ဟောင်း Gerrard ဟာ မေဂျာလိဂ်မှာ ရာသီကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။သူဟာ LA ဂလက်ဆီအသင်းမှာ ကစားခဲ့ပြီး အသင်းဟာ မေဂျာလိဂ်ရဲ့ pay-offs အဆင့်မှာတင် ထွက်ခဲ့ရတာကြောင့် အခုလို စောစောစီးစီးပြန်လာခဲ့ရတာပါ။ သူဟာ ဒီနေ့မနက်မှာတင်ပဲ လီဗာပူးလ်မြို့က ဟိသရိုးလေဆိပ်ကို ရောက်ရှိခဲ့ပြီး များစွာသော ခရီးဆောင်အိတ်တွေနဲ့ ရောက်ရှိလာပါတယ်။


သူဒီလိုပြန်လာတာကြောင့် Gerrard ဟာ အန်ဖီးလ်မှာ ပြန်လည်လာရောက်ကစားနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ နည်းပြ Klopp သာ အမှန်တယ်အလိုရှိမယ်ဆိုရင် လာရောက်ကစားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကလည်း Gerrard ကို လာရောက်ကစားဖို့ ဖိတ်ခေါ်နေကြပြီး နည်းပြ Klopp ကတော့ လာရောက်ကစားမှာ မဟုတ်ဘူးလို့  ပြတ်ပြတ်သားသားငြင်းပယ်ထားပါတယ်။

 ဒါပေမယ့်လည်း ရူဘင်ကာဇန်ကို သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးတုန်းကတော့ Gerrard လို ဦးဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက် အမှန်တကယ်လိုအပ်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။


" သူဟာ မေဂျာလိဂ်နောက်ရာသီအတွက်လည်း LA ဂလက်ဆီအသင်းနဲ့ပဲ လေ့ကျင့်သွားမှာပါ။ သူ့ကိုတော့ ဖုန်းတစ်ခါသာ ခေါ်ဖူးပြီး မက်ဆေ့ခ်ျအနည်းငယ်ပဲ ပို့ဖူးပါတယ်။ အသင်းမှာ လာရောက်ကစားဖို့လောက်အထိတော့ စကားမပြောခဲ့ပါဘူး။ သူ့အတွက်တော့ အသင်းက အမြဲတမ်းတံခါးဖွင့်ထားပါတယ် " လို့ Klopp က ပြောခဲ့တာပါ။ Gerrard ဟာဆိုရင်တော့ မေဂျာလိဂ် ပရိုမိုးရှင်းတွေအတွက် မကြာခင်မှာပဲ အမေရိကန်ကို ပြန်သွားမယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment