Powered by Blogger.

အင်္ဂလန်ကလပ်တွေ နိုင်ပွဲရခဲ့ကြတဲ့ ယူရိုပါလိဂ်ပွဲစဉ်များ







မနေ့ညကကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ် အုပ်စုပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ်တွေအတော်များများကတော့ ပထမအကျော့ ရလဒ်တွေထက် ကောင်းမွန်ခဲ့ပြီး လိုအပ်တဲ့နိုင်ပွဲတွေကို ရယူနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာ အပေါ်သင်းလို့ သတ်မှတ်ခံထားရတဲ့ အသင်းတွေကလည်း လိုအပ်တဲ့နိုင်ပွဲတွေကို ရယူနိုင်ခဲ့ကြတာကြောင့် ကျေနပ်စရာဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ 


စပါးအသင်းဟာဆိုရင်တော့ အန်ဒါလက်ခ်ျအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အိမ်ကွင်းမှာတော့ နှစ်ဂိုးတစ်ဂိုးဆိုတဲ့ အနိုင်ရလဒ်ကို ပြန်လည်ဖော်ဆောင် နိုင်ခဲ့တာပါ။ စပါးအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး Harry Kane က ပွဲချိန် ၂၉ မိနစ်မှာ  Eriksen ရဲ့ ဖန်တီးမှုကနေ သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ အပြန်အလှန်ထိုးဖောက် ကစားခဲ့ကြပြီး ပွဲချိန် ၇၂ မိနစ်မှာ Ezekiel က အန်ဒါလက်ခ်ျအသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူခဲ့တာပါ။ နိုင်ပွဲလိုနေတဲ့ စပါးအသင်းဟာ လူစားလဲမှုတွေကို ပြုလုပ်ခဲ့ပြီး လူစားဝင် ကစားသမား နှစ်ယောက်ဖြစ်တဲ့ Dembele နဲ့ Hueng Min တို့အတွဲကနေ Dembele က သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် စပါးအသင်းဟာ အုပ်စုထိပ်ဆုံးနေရာကို တက်လှမ်းလာနိုင်ပါတယ်။





နည်းပြ Klopp ရဲ့ လီဗာပူးလ်အသင်းကတော့ အဝေးကွင်းမှာ ချိုမြိန်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမား Jordon Ibe ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ကြိုးကြာနီတို့ ပျော်ခဲ့ရတာပါ။ လီဗာပူးလ်အသင်းကတော့ ကစားပုံက အတော်လေးကို ကောင်းခဲ့ပေမယ့် တိုက်စစ်ဆင်နိုင်မှုက အားနည်းခဲ့တယ်။ ပထမအကျော့တုန်းကလိုပဲ ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးဖန်တီးနိုင်မှု အားနည်းနေသေးတယ်။ အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းရောက်မှ လူငယ်ကစားသမား Jordon Ibe က Firmino ရဲ့ ဖန်တီးမှုကနေ အနိမ့်ဘော ကန်သွင်းယူခဲ့တာပါ။

ဂျာမန်ကလပ် ဒေါ့မွန်အသင်းကတော့ ကွာဘလာအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နာပိုလီအသင်းကလည်း မစ်ဂျယ်လန်းအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment