Powered by Blogger.

ဘောလုံးပွဲကြည့်ရတာမကြိုက်ဘူးဆိုတဲ့ Neymar







ဘာစီလိုနာအသင်းရဲ့ ဘရာဇီးအကျော်အမော် တိုက်စစ်မှူး Neymar ဟာ အခြားသော ဘောလုံးပွဲတွေ ကြည့်ရတာကို မကြိုက်ဘဲ ဘောလုံးကစားရတာကိုသာ နှစ်သက်တယ်လို့ ပြောလိုက်ပါတယ်။ သူဟာ ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူး မက်ဆီ ဒဏ်ရာရရှိနေတဲ့ အချိန်မှာ ခြောက်ပွဲမှာ ရှစ်ဂိုးအထိ သွင်းယူပေးခဲ့ပြီး နည်းပြ Enrique ကို အကောင်းဆုံးအထောက်အပံ့ ပေးခဲ့နိုင်ပါတယ်။ 


“ကျွန်တော်ဟာ ဘောလုံးကစားရတာကို ကြိုက်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဘောလုံးပွဲကြည့်ရတာ မကြိုက်ပါဘူး။ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေက လွဲရင်တခြားဘယ်ပွဲဖြစ်ဖြစ် စိတ်မဝင်စားပါဘူး။” လို့ Neymar က ပြောပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ အမှတ်တရအဖြစ်ဆုံးကလည်း အယ်လ်ကလာစီကို ပွဲစဉ်မှာတုန်းက ဂိုးသွင်းနိုင်ခဲ့တာပါ လို့ ပြောပါတယ်။ 


“ ကျွန်တော် ဘာစ်ီလိုနာအသင်းနဲ့ ကစားသမားတွေ အကုန်လုံးကို ချစ်ပါတယ်။ ဘာစီလိုနာမှာ ကစားသမားကောင်းတွေ ရှိနေပြီး အချိန် အတော်ကြာကြာထိ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ထင်ပါတယ်လို့ ဘာစီလိုနာ အသင်းမှာ ကစားနေတဲ့ အချိန်မှာ တခြားဘောလုံးပွဲတွေကို စိတ်မဝင်စားဘူးလို့ ” Neymar က ပြောပါတယ်။  

Ballon d'Or ဆုဟာလည်း Ronaldo နဲ့ Messi တို့သာ ပြိုင်ဘက်တွေဖြစ်ပြီး သူကတော့ စိတ်ဝင်စားခြင်းမရှိသေးဘဲ အသင်းဖော်တွေကိုသာ အကောင်းဆုံးကူညီသွားမယ်လို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။  



( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment