Powered by Blogger.

Mahrez နဲ့ မန်ယူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မစိုးရိမ်တဲ့ Ranieri





လက်စတာအသင်းရဲ့ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ Mahrez ကို မန်ယူက ခေါ်ယူဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး လက်စတာအသင်းရဲ့နည်းပြ ဖြစ်တဲ့ Ranieri က လုံးဝ စိုးရိမ်မှုမရှိဘဲ သူတို့ရဲ့ ကစားသမားဟာ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘဲ အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူသွားမှာပါလို့ ပြောပါတယ်။


Mahrez ဟာ အသင်းရဲ့ တိုက်စစ်မှူး Vardy ဂိုးသွင်းနိုင်ဖို့ အများဆုံးထောက်ပံ့ပေးထားပြီး အသင်းအတွက် ခုနစ်ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ဒါကြောင့် သူတို့ရဲ့ အယ်လ်ဂျီးရီးယားကွင်းလယ်လူကို မန်ယူအသင်းက ခေါ်ယူနေချင်တာနဲ့ ပတ်သက်ပြီး Ranieri က “ဒါဟာ ကောလဟလ တစ်ခုသာဖြစ်ပါတယ်။ Mahrez က အသင်းမှာ ပျော်ရွှင်နေတာပါ။ သူကတော့ အသင်းနဲ့ ဆက်လက်ပြီး အရည်အချင်းတွေ တိုးတက်အောင် သင်ယူသွားအုံးမှာပါ။


 အခုလို သတင်းတွေ ကြားရတာ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အသင်းမှာ အသင်းကြီးတွေကတောင် စိတ်ဝင်စားရတဲ့ ကစားသမားတွေ ရှိနေလို့ပါ။ Mahrez နဲ့ Vardy တို့ဟာ အသင်းမှာ အကောင်းဆုံး ကစားသမားတွေပါ။” လို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။ 

 
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ သုံးမှတ်သာ ကွာဟပြီး ပရီးမီးယားလိဂ်ရဲ့ တတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ သူတို့အသင်းဟာ စနေနေ့မှာ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမှာပါ။ 

( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment