Powered by Blogger.

ဝက်ဒ်ဖို့ဒ်အသင်းကို ပြောင်းဖွယ်ရှိတဲ့ Adebayor



Adebayorဟာ စပါးအသင်းနဲ့ စက်တင်ဘာလအတွင်းက စာချုပ်ဖျက်သိမ်းခဲ့တဲ့နောက်မှာ အသင်းလက်မဲ့ဖြစ်နေတာကြောင့် ဝက်ဒ်ဖို့ဒ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိနေတာပါ။ သူဟာ အာဆင်နယ် ၊ မန်စီးတီး ၊ ရီးရဲလ်မက်ဒရစ် ၊ စပါးစတဲ့ အသင်းကြီးတွေ အတော်များများမှာ ကစားခဲ့ဖူးပြီး လစာငွေတွေလည်း အတော်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။



သူဟာ အခုရာသီမှာတော့ စပါးအသင်းမှာ ဆက်လက်ကစားခွင့်ရခဲ့ပေမယ့် ပွဲထွက်ခွင့်မရခဲ့တာကြောင့် စာချုပ်ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ဝက်ဒ်ဖို့ဒ်အသင်းခေါင်းဆောင် Deeney ကတော့ နည်းပြဖြစ်သူ Flores ဟာ အသင်းရဲ့ တိုက်စစ်နေရာမှာ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးကို ထပ်ပြီး ပေါင်းထည့်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ 


“ ကျွန်တော် သူ့ကို ကောင်းကောင်းသိတယ်။ သူက ကောင်းမွန်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ဂိုးဆာလောင်တဲ့ စိတ်ဓာတ်ကို ကြိုက်တယ်။ သူ့ကိုသာ ကစားကွက်မှာ ထပ်ပေါင်းထည့်လိုက်ရင် ပြီးပြည့်စုံ သွားပြီလို့ ထင်ပါတယ်။လေ့ကျင့်ရေးကွင်းမှာ ကစားသမားကောင်းတွေကို ထပ်ပေါင်းထည့်ချင်သေးပါတယ် ” လို့ နည်းပြ Flores က ပြောပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Mirror 


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment