Powered by Blogger.

Lukaku အတွက် အဲဗာတန်အသင်း ပေါင်၄၅သန်း ဈေးဖွင့်




အဲဗာတန်အသင်းဟာ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူး Romelu Lukaku ကို ခေါ်ယူချင်ရင်တော့ ကြမ်းခင်းဈေး ပေါင် ၄၅ သန်းပေးမှ ရမယ်လို့ ဈေးဖွင့်လိုက်ပါတယ်။ ဒီတိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းကနေ အဲဗာတန်အသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်နေတာကြောင့် ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့လို ဥရောပအသင်းကြီးတွေက နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာပါ။ 

သူဟာ အခုရာသီမှာဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ရှစ်ဂိုးအထိ သွင်းယူပေးထားနိုင်တယ်လို့လည်း သိရပါတယ်။ သူဟာအသင်းမှာ ကစားရတာကို ပျော်ရွှင်နေပေမယ့်လည်း သူ့ရဲ့အနာဂတ်ကို ရာသီကုန်မှာ ပြန်လည်စဉ်းစားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်သတင်းတွေအရလည်း ဘယ်နောက်ခံလူ ဖြစ်တဲ့ Leighton Baines ဟာ ခြေကျင်းဝတ်ဒဏ်ရာက ပြန်လည် သက်သာလာပြီဖြစ်ပြီး အသင်းနဲ့ အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့လည်း သိရပါတယ်။
အခြားဒဏ်ရာရနေတဲ့ ကစားသမားတွေဖြစ်တဲ့ Tom Cleverley , Besic တို့ဟာလည်း ဒဏ်ရာအခြေအနေကနေ သက်သာလာပြီလို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment