Powered by Blogger.

အိုးထရက်ဒ်ဖို့ဒ်ရဲ့ သန့်ရှင်းရေးသမားသစ် Phil Jones







မန်ယူနောက်ခံလူ Phil Jones ကတော့ မန်ယူအသင်းမှာ နောက်တန်းကစားသမားအဖြစ်သာမကပဲ အားလပ်ချိန်တွေမှာ အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဒ်ဖို့ဒ်ရဲ့ သန့်ရှင်းရေးသမားဖြစ်နေတယ်ဆိုတာ ပရိသတ်တွေ သိမယ်မထင်ပါဘူး။ ဟုတ်ပါတယ်။ Phil Jones က မန်ယူမှာ ဘယ်နေရာမှာ ကစားရမယ်ဆိုတာ မသိဖြစ်နေလောက်အောင်ကိုပဲ နေရာပျောက်နေခဲ့တာပါ။ 

ဒါ့ကြောင့် နည်းပြ Van Gaal ကို တစ်နည်းတစ်ဖုံနဲ့ ဆန့်ကျင်လိုက်တဲ့ သဘောထင်ပါတယ်လို့ မီဒီယာတွေကညွှန်းဆိုရေးသားခဲ့ကြပါတယ်။သူဟာ ဂျက်ကပ်အင်္ကျီ အရှည်၊ မျက်မှန်နဲ့ တံမြက်စည်းတစ်ချောင်းကိုကိုင်ပြီးကြမ်းတိုက်နေတာကိုအိုးထရက်ဒ်ဖို့ဒ်ကွင်းကို လေ့လာရေးခရီးထွက်လာတဲ့ အသင်းပရိသတ်တွေက မြင်သွားတဲ့အချိန်မှာတော့ သူ့ကို တအံ့တသြနဲ့ ဓာတ်ပုံတွေ ဝိုင်းရိုက်ခဲ့ကြတာပါ။ 


သူဟာ အသင်းရဲ့ အခြားသော ဗာဟီရအလုပ်တွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့တာလို့လည်း သိရပါတယ်။ 


Jones ရဲ့ ဒီလိုလုပ်ရပ်တွေဟာ အသင်းနည်းပြ Van Gaal ရဲ့ နည်းဗျူဟာတွေရဲ့ နောက်ဆက်တွဲပြဿနာကို ထင်ဟပ်နေတယ်လို့ သိရပါတယ်။ဘာကြောင့်လည်းဆိုရင်တော့ နည်းပြ Van Gaal ဟာ အသင်းက ကစားသမားတွေ အတော်တော်များများကို ကစားတဲ့နေရာတွေကို ရွှေ့ပြောင်းကစားစေခဲ့ပြီး 
သူ့လက်ထက်မှာ နေရာစုံပြီး ပွဲထွက်ခွင့် အာမခံချက်မရှိဖြစ်နေတဲ့ Jones ကလည်း သူ့နဲ့ အသင့်တော်ဆုံးနေရာဟာ တောက်တိုမယ်ရနေရာသာ ဖြစ်နေပြီဆိုတာကို ကဝိနည်းကျကျ ဖော်ကျူးလိုက်တာလည်း ဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment