Powered by Blogger.

စိုးရိမ်ရေမှတ်ထဲက Mourinho





မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ စတုတ်စီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြဖြစ်သူ Mourinho ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကို တိုက်ရိုက်ကြီးကြပ်ခွင့်မရခဲ့ပေမယ့်လည်း ကွင်းအနားက ဟော်တယ်ထဲကနေ ပွဲကို တိုက်ရိုက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။


ပတ်ဝန်းကျင် အပူချိန်ကတော့ အေးစက်နေပေမယ့်လည်း  နည်းပြဖြစ်သူ Marko Arnautovic  ရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတဲ့ အချိန်မှာတော့ နည်းပြ Mourinho ဇောချွေးပြန်နေပါလိမ့်မယ်။
ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်း ပရိသတ်တွေကတော့ အဝေးကွင်းမှာ နည်းပြ Mourinho  ပုံ မျက်နှာဖုံးတွေကို ဝတ်ဆင်အားပေးခဲ့ကြပါတယ်။


 အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူတွေကတော့ Mourinho ရဲ့ အဝေးကကြီးကြပ်မှုကို စကားပြောစက်တစ်လုံးနဲ့ နာခံလုပ်ဆောင်ခဲ့ကြပေမယ့်လည်း ရလဒ်ကတော့ မလှပခဲ့ရပါဘူး။
အဆိုးထဲက အကောင်းလို့ဆိုရမှာကတော့ နည်းပြ Mourinho နဲ့ ပြဿနာအနည်းငယ်ရှိနေတယ်လို့ သတင်းထွက်နေတဲ့ Hazard ကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခြေစွမ်းတစ်ချို့ကို ပြန်ပြနိုင်ခဲ့ပြီး စတုတ်နောက်တန်းကို အလုပ်ရှုပ်စေခဲ့တာကို ပြန်တွေ့လာရပါတယ်။



 ဒါပေမယ့်လည်း အသင်းရဲ့ နောက်တန်းကစားပုံကတော့ အားရစရာမရှိခဲ့ဘဲ ဂိုးကို အလွယ်လေးခွင့်ပြုလိုက်ရတာပါ။
ဒါကြောင့် ဘုတ်အဖွဲ့ဝင်တွေ ဆုံးဖြတ်ခဲ့သလိုပဲ Mourinho ကို စောင့်ကြည့်မယ်နှစ်ပွဲကတော့ ပြည့်မြောက် သွားပါပြီ။ ဒါပေမယ့်လည်း အသင်းပိုင်ရှင် Movich ကတော့ Mourinho ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကောင်းဆုံးအနေအထားဖြစ်အောင် အားဖြည့်မှုတွေ ပြုလုပ်ခွင့်ပေးအုံးမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 


( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref :Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment