Powered by Blogger.

အာဆင်နယ်အသင်းကို အနိုင်ကစားနိုင်တယ်လို့ Harry Kane ပြော




စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး Harry Kane ဟာ ဒီနေ့ညမှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာဆိုရင် သူတို့ရဲ့ ပုံစံကောင်းကို ဆက်ပြသသွားမှာ ဖြစ်ပြီးတော့ အာဆင်နယ်အသင်းကို အနိုင်ကစားသွားအုံးမှာပါလို့ ပြောလိုက်ပါတယ်။ 

 AFC Bournemouth, Aston Villa နဲ့ Anderlecht စတဲ့ နောက်ဆုံးသုံးပွဲလုံးကို စပါးအသင်းက အနိုင်ကစားနိုင်ခဲ့ပြီး စိတ်ဓာတ်အနေအထားက အမြင့်ဆုံးအခြေအနေမှာ ရှိနေခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲရှုံးနိမ့်ပြီးတဲ့နောက်မှာ ကစားအားက အရင်ကလောက် မကောင်းတော့တာကြောင့် Harry Kane  က အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေတာပါ။ 

“နောက်ဆုံးနှစ်ပွဲကို အနိုင်ကစားနိုင်ခဲ့ပြီး လှပတဲ့ ရက်သတ္တပတ်ကို ရရှိခဲ့တယ်လေ။ ဒီဒါဘီပွဲမှာလည်း အကောင်းဆုံး ကစားအားတွေနဲ့ ဆက်ကစားနိုင်မယ် ထင်တယ်။ သူတို့က ကြားရက်မှာ ဘိုင်ယန်အသင်းနဲ့ ကစားခဲ့ရတော့ ပိုပွဲပန်းနေနိုင်တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ အကောင်းဆုံးအရာတွေကို လုပ်ပြသွားမယ်လို့” Harry Kane   ကပြောပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment