Powered by Blogger.

အန်ဖီးလ်မှာ လှပတဲ့ အထီးကျန်မှုကို ခံစားခဲ့ရတဲ့ Jurgen Klopp





လီဗာပူးလ်အသင်းရဲ့ နည်းပြ  Jurgen Klopp  ကတော့ အန်ဖီးကွင်းမှာ လှပတဲ့အထီးကျန်မှုကို ခံစားလိုက်ရပါတယ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။ ပြိုင်ဘက်ကစားသမား Scott Dann ရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတဲ့အချိန်မှာ  Klopp  ဟာ ကွင်းကြီးတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး များစွာသော ပရိသတ်တွေဟာ သူတို့ရဲ့ ထိုင်ခုံတွေကနေ ထွက်ပေါက်တွေဆီကို ဦးတည်သွားရောက်နေတာကို မြင်လိုက်ရပါတယ်။


ဒါကြောင့်  နည်းပြ Jurgen Klopp က အိမ်ကွင်းမှာဆိုပေမယ့်လည်း အထီးကျန်သလို ခံစားလိုက်ရတယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
" ဘောလုံးပွဲတစ်ပွဲဟာ မိနစ်ကိုးဆယ်အတွင်း ရလဒ်အမျိုးမျိုးထွက်ပေါ်နိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ပရိသတ်တွေကို ပွဲအပြီးထိ အားပေးစေချင်ပါတယ်။ ကိုယ့်အသင်း ရှုံးနေရင်တောင် ပရိသတ်ရဲ့အားနဲ့ ပြန်လည် ဦးဆောင်နိုင်ပါတယ်" လို့  Klopp က ပြောပါတယ်။
ဒီပွဲမှာတော့ အသင်းရဲ့ အဓိက နောက်ခံလူ Sakho ဟာ ဒူးဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာပါ။



"Sakho ရဲ့ ဒဏ်ရာဟာ အဆိုးရွားဆုံး ကိစ္စတစ်ခုပါ။ သူ့ကို ဆုံးရှုံးရတာက အသင်းက ကစားသမားလေးယောက်ကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ဘယ်လောက်အနားယူရမယ်ဆိုတာကတော့ စကန်ရဲ့ အဖြေကို စောင့်ကြည့်ရအုံးမှာပါ " လို့  Klopp က ပြောခဲ့ပါတယ်။ ဒီပွဲကို အသင်းဂန္တဝင်ကစားသမား Gerrard လည်း လာရောက်ကြည့်ရှုခဲ့ပြီး ပွဲမပြီးခင်မှာပဲ ထပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment