Powered by Blogger.

ရီးရဲလ်မှာ ဆက်ရှိ မရှိ မသေချာသေးတဲ့ Ronaldo


ရီးရဲလ်မက်ဒရစ်ရဲ့ အရေးပါတဲ့ တိုက်စစ်မှူးဖြစ်နေသေးတဲ့ Ronaldo ဟာဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိမရှိ အခုထက်ထိ မသေချာသေးဘဲ သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ ဒါကြောင့် အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းကို ပြန်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကလည်း
ဘယ်သူမှ အတိအကျမပြောနိုင်သေးတာလည်း ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင်အဖြစ် မကြာသေးခင်ကမှ ရပ်တည်နိုင်ခဲ့ပြီး ရီးရဲလ်အသင်းမှာ ဆက်ရှိနေချင်တယ်လို့ ဖွင့်ဟခဲ့တာပါ။


 ဒါပေမယ့် အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ နှေးကွေးနေတာကြောင့် နောက်နှစ်နှစ်အတွင်းမှာ ပီအက်စ်ဂျီ ဒါမှမဟုတ် မန်ယူတစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးနေကြတာပါ။ သူ့ရဲ့ အနာဂတ်ကို ဖြေကြားခိုင်းတဲ့ အခါမှာတော့ သူက " ကျွန်တော် လက်ရှိအသင်းမှာပဲ အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်နေပါတယ်။ လာမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်မသိပါဘူး "လို့ ပြောပါတယ်။


ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိနေပြီး ချန်ပီယံဆုအတွက် အပြိုင်ကြဲနေကြတာပါ။ "ကျွန်တော်ဟာ အရှုံးကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။ ရှုံးရင် တအားဒေါသထွက်ပြီး အော်ဟစ်တတ်တယ် "လို့ အသက်သုံးဆယ်ရှိပြီးဖြစ်တဲ့ CR7 ကပြောပါတယ်။ သူဟာ စနေနေ့က လက်စ်ပါးမားနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့ပြီး Ballon d'Or ဆုအတွက် Messi နဲ့ အပြိုင်ကြဲနေရပါတယ်။ သူဟာ


ဥရောပဂိုးသွင်းအများဆုံး စာရင်းမှာလည်း Pierre-Emerick Aubameyang , Robert Lewandowski  စတဲ့ ကစားသမားတွေနဲ့ အပြိုင်ဖြစ်နေပါတယ်။
သူ့ကို မုန်းတဲ့သူတွေက သူ့ခြေစွမ်းကို ပိုကောင်းစေတယ်လို့လည်း သူကပြောပါတယ်။ " ကျွန်တော်ဟာ မုန်းတီးတဲ့သူ တော်တော်များများကို တွေ့ခဲ့ရတယ်။ သူတို့က ကျွန်တော့်ရန်သူတွေ မဟုတ်ဘဲ ကျွန်တော့်ခြေစွမ်းကို တိုးတက်အောင် လုပ်ပေးနေတဲ့သူတွေလို့ မြင်ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment