ဂိုးမိုးခေါင်နေပေမယ့်လည်း Fellaini ကို တိုက်စစ်မှူးအဖြစ် Van Gaal ပွဲထုတ်မှာမဟုတ်
မန်ယူအသင်းရဲ့ သွင်းဂိုးတွေကို မြင်တွေ့ခွင့်မရတာ အချိန်အတော်ကြာမြင့်နေပေမယ့်လည်း အသင်းအတွက် လိုအပ်ရင်လိုအပ်သလို ဂိုးတွေသွင်းပေးနေနိုင်တဲ့ ကွင်းလယ်လူ Marouane Fellaini ကို တိုက်စစ်မှူးအဖြစ် ပွဲထုတ်အသုံးပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မန်ယူဟာ ဂိုးမသွင်းနိုင်တာ ငါးနာရီကျော်ကြာမြင့်နေပြီဖြစ်ပြီး လာမယ့် CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ ကြိုးစားနေတာပါ။
Fellaini ဟာ ရာသီအစက ဘရုဂေးနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူထားနိုင်ပြီး အဲ့ဒီအချိန်တုန်းကတော့ တိုက်စစ်ကို ဦးဆောင်ကစားစေခဲ့တာပါ။ ဒါပေမယ့် Van Gaal က Fellaini ကို ကွင်းလယ်လူတစ်ယောက်အဖြစ်သာ မြင်လိုတယ်လို့ ပြောပြီး ကွင်းလယ်ကို ပြန်ပို့ထားတာပါ။
" ကျွန်တော်သူ့ကို တိုက်စစ်မှူးအဖြစ် Plan B မှာပဲ စိတ်ကူးထားပါတယ်။ သူက တိုက်စစ်မှူးအဖြစ် လီဗာပူးလ်နဲ့ ပွဲမှာ ကစားဖူးခဲ့တယ်။ အဲ့တုန်းကတော့ အသင်းမှာ ဒဏ်ရာပြဿနာတွေတွေ့ နေရလို့ပါ ။ ဒီလိုပွဲထုတ်တာဟာ အသင်းတိုင်းမှာ ဖြစ်နေကျ ဖြစ်စဉ်တစ်ခုပါပဲ " လို့ Van Gaal က ပြောပါတယ်။
Van Gaal က Fellaini ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေဟာ ကွင်းလယ်ကစားသမားအဖြစ်နဲ့ပဲ ရှိနေတယ်လို့ ပြောပါတယ်။ သူကတော့ တခြားကွင်းလယ်ကစားသမားတွေနဲ့ နေရာလုနေရပြီး လာမယ့် CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment