Powered by Blogger.

Martial ကို ထိန်းချုပ်နိုင်ရင် မန်ယူတစ်သင်းလုံးကို ထိန်းချုပ်နိုင်တယ်လို့ Pardew ပြော






 မန်ယူအသင်းနဲ့ တစ်ဂိုးစီသရေကျအပြီးမှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ Alan Pardew က အဲ့ဒီပွဲမှာ Martial ကိုထိန်းချုပ်နိုင်လိုက်တာဟာမန်ယူဆီကနေသရေတစ်မှတ်ခွဲနိုင်လိုက်တဲ့အကြောင်းရင်း
တစ်ခုဖြစ်ပါတယ်လို့ ပြောပါတယ်။ မန်ယူဟာ သုံးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး အဆိုးရွားဆုံးအဖြစ် တိုက်စစ်မှူး Rooney က ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်းမှာ ဘောလုံးနဲ့ ထိခွင့်မရခဲ့တာပါ။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ တိုက်စစ်ဟာ ပြောစရာဖြစ်လောက်အောင် ဆိုးရွားလာတဲ့ အခြေအနေကို ရောက်ရှိလာပြီး ကွင်းလယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ပဲ အသက်ဆက်နေရတဲ့ ပုံစံဖြစ်လာပါတယ်။


ဒါ့ကြောင့် Alan Pardew  က " ကျွန်တော်တို့ဟာ သူတို့ရဲ့ အဓိက လူငယ်ကစားသမားဖြစ်တဲ့  Martial ကို ဂရုတစိုက် စောင့်ကြည့်ထားလိုက်ပါတယ်။ မန်ယူ ကစားခဲ့တဲ့ပွဲတွေမှာဆိုရင် Martial ဆီကပဲ ဘောလုံးလမ်းကြောင်းတွေ ထွက်ခဲ့တာလေ။ ကျွန်တော်တို့အသင်းကလည်း ဂိုးရလုနီးပါးတွေ ဖြစ်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် မန်ယူရဲ့ တိုက်စစ်ကို ထိန်းထားနိုင်ခဲ့လို့ ဝမ်းသာမိပါတယ် " လို့ Pardew က ပြောခဲ့ပါတယ်။


" Martial ရဲ့ အသက်က လက်ချိုးရေတွက်လို့ရပေမယ့် သူရဲ့ အရည်အချင်းက လက်ချိုးရေတွက်လို့ မရခဲ့ဘူး။ သူ့လို အရည်အချင်း ပြည့်ဝတဲ့ ကစားသမားကို မန်ယူက ထိန်းထားနိုင်ဖို့ အတော်ကြိုးစားရမယ်။ ဒီပွဲမှာ တိုက်စစ်မှူး Rooney ကိုတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်။ သူအခွင့်အရေးကို မရခဲ့ဘူး ထင်ပါတယ် "  လို့ Pardew က ထပ်လောင်းပြောကြားသွားပါတယ်။ ဆက်စပ်သတင်းတွေအရ မန်ယူအသင်းဟာ လက်စတာ ကွင်းလယ်လူ Mahrez ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ Mahrez ဟာ အသင်းဖော် Vardy ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးကလည်း ကြိုးစားလာဖွယ်ရှိတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment