Powered by Blogger.

ကွင်းလယ်လူHazard ခြေစွမ်းကျဆင်းနေမှုကို ကူညီဖို့ နည်းလမ်းတွေကို Lampard အကြံပေး




ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း Frank Lampard က ကွင်းလယ်လူ Hazard ရဲ့ ခြေစွမ်းကျဆင်းနေမှုကို ကူညီနိုင်ဖို့ အကြံဥာဏ်တွေပေးလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ Stamford Bridge ကို ၂၀၁၂ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး PFA ဆုလိုမျိုးတွေအပြင် အသင်းနဲ့အတူ ဆုဖလားများစွာကိုလည်း ရယူခဲ့နိုင်တာပါ။ ဒီလိုအောင်မြင်မှုတွေရခဲ့တဲ့ Hazard ကို နည်းပြ Mourinho အနေနဲ့ ဆက်လက်ပြီး ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသင့်တယ်လို့ ကွင်းလယ်လူဟောင်း Frank Lampard က အကြံပေးလိုက်တာပါ။



Hazard ဟာ ယုံကြည်မှု ခေတ္တပျောက်ဆုံးနေတာဖြစ်ပြီး သူ့ကို ဖေးမကြဖို့ Lampard က ပြောပါတယ်။
" သူ့လို ခမ်းနားတဲ့ ကစားသမားမျိုးနဲ့ အချိန်ကြာကြာမကစားလိုက်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ သူဟာ ငယ်ရွယ်ပြီး အရည်အချင်းတွေ ပြည့်ဝတဲ့ ကစားသမားဆိုတာ အခုချိန်မှာ လူတိုင်းမေ့နေကြတယ်။ သူက ပွဲတိုင်းလိုလို ကောင်းကောင်းကစားနိုင်ခဲ့သူပါ။ သူမနှစ်က စွမ်းဆောင်ပေးခဲ့လို့ အသင်းက ကောင်းမွန်တဲ့ ရာသီတစ်ခုကို ရရှိခဲ့တယ်လေ။ သူက အခု ယုံကြည်မှု အနည်းငယ်ပျောက်ဆုံးနေတာပါ။ သူ့ကို ကူညီလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် " လို့  Frank Lampard က အကြံပေးခဲ့တာပါ။


" သူနည်းနည်းတော့ ပြန်ကြိုးစားရလိမ့်မယ်။ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ကို ရချင်ရင်တော့ သူ့လို ကစားသမားမျိုး ခြေစွမ်းပြန်ကောင်းမှာ ဖြစ်လိမ့်မယ် ထင်တယ်။ သူ့ရဲ့ ထောက်ပံ့မှုနဲ့ အသင်းသားတွေရဲ့ ကြိုးစားမှုပေါင်းစပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ သူဘယ်လောက်ထိ ကြိုးစား ကစားပြနိုင်ခဲ့တယ်ဆိုတာ အားလုံးသိကြပါတယ် " လို့  Frank Lampard က ပြောကြားခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment