Powered by Blogger.

ကွင်းလယ်လူ Rafinha ကို သက်တမ်းတိုးလိုက်တဲ့ ဘာစီလိုနာ



ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား Rafinha ကို ၂၀၂၀ ဇွန်လအထိ အသင်းမှာဆက်ရှိနေစေမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ Rafinha ဟာ အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့အချိန်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဘာစီလိုနာက ကာလရှည်စာချုပ်တစ်ခုနဲ့ သူ့ကို ထိန်းချုပ်ထားလိုက်တာပါ။ သူ့ရဲ့ စာချုပ်လျော်ကြေးဟာ ပေါင်သန်း ၅၀ ကျော်အထိရှိပြီး ဒီလိုတက်သစ်စလူငယ်တစ်ယောက်ကို ဘာကာက အကွက်မြင်မြင်နဲ့ ထိန်းထားလိုက်တာလည်း ဖြစ်ပါတယ်။


သူဟာ ၂၀၁၃-၂၀၁၄ ရာသီမှာတော့ ဆယ်လ်တာဗီဂိုအသင်းမှာ အငှားသွားရောက်ကစားခဲ့ရပြီး ယခုရာသီမှာတော့ နည်းပြ Enrique ရဲ့ လက်အောက်မှာ  အကောင်းဆုံးပုံစံတစ်ခုနဲ့ တောက်ပလာခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ အခုလောလောဆယ်မှာတော့ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး စက်တင်ဘာလအတွင်းက ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ သူဟာ ကလပ်အသင်းမှာ အခုလို ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နိုင်ငံအသင်းဖြစ်တဲ့ ဘရာဇီးအသင်းကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ သူ့ကို ခေါ်ယူအသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။


သူရဲ့အကိုဖြစ်သူ Thiago Alcantara ဟာဆိုရင်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာ လက်ရှိကစားနေတဲ့သူဖြစ်ပြီး ညီအစ်ကို နှစ်ဦးလုံးက လာမာစီယာအကယ်ဒမီထွက်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် သူ့ကို မျက်စိကျနေတဲ့ အခြားသောအသင်းတွေအတွက်တော့ လက်လျှော့ရမယ့်အနေအထားကို ရောက်ရှိသွားခဲ့တာလဲ ဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment