Powered by Blogger.

Mourinho ရဲ့ နည်းပြနေရာကို ဆက်ခံဖို့ Ancelotti နဲ့ Makelele တို့ အပြိုင်ရေပန်းစား




ချယ်လ်ဆီးနည်းပြ Mourinho ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်က အပြုအမူတွေကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင်လေးသောင်း ချမှတ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့်  Mourinho ဟာ လာမယ့် စတုတ်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်ခွင့်ရတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ချယ်လ်ဆီး ဘုတ်အဖွဲ့က  Mourinho ကို နှစ်ပွဲ ထပ်မံစောင့်ကြည့်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။


ဒါပေမယ့်လည်း အခုလို ပွဲပယ်ပြစ်ဒဏ်ခံလိုက်ရတာကိုတော့ ဘုတ်အဖွဲ့ဝင်တွေက အတော်လေးစိတ်ညစ်နေပြီး ထုတ်ပယ်နိုင်ဖွယ် အမြင့်ဆုံး အခြေအနေကို ရောက်ရှိလာတာနဲ့အမျှ နည်းပြနေရာအတွက်ထင်ကြေးပေးမှုတွေကလည်း မြှင့်တက်လာခဲ့တာပါ။နည်းပြဖြစ်လာနိုင်တဲ့သူတွေအဖြစ်တော့
ချယ်လ်ဆီးကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ Ancelloti နဲ့  အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း Makelele တို့က နည်းပြဖြစ်လာဖို့ ရေပန်းစားနေတာပါ။


Ancelloti ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ၂၀၁၁ ခုနှစ်အရောက်မှာ နည်းပြရာထူးက    ထုတ်ပယ်ခံခဲ့ရတာပါ။အခုလောလောဆယ်မှာလည်း ဘောလုံးလောကက ခဏတာနားနေပြီး အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးနေကြတာပါ။   Makelele ကတော့ ပြင်သစ်လီဂူးကလပ် ဘက်စတီယာအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့ပေမယ့်လည်း ခြောက်လကြာမှာတင် ထုတ်ပယ်ခံခဲ့ရတာပါ။ သူတို့နှစ်ယောက်လုံးဟာလည်း ပီအက်စ်ဂျီအသင်းမှာ နှစ်နှစ်ကြာအတူတူ အလုပ်လုပ်ခဲ့ဖူးပြီး


ချယ်လ်ဆီးအသင်းကိုလည်း နည်းပြအဖြစ် Ancelloti  နဲ့   Makelele ကိုတော့ အသင်းနည်းပြ အဖွဲ့ဝင်အဖြစ် ခန့်အပ်သွားနိုင်တယ်လို့ ထင်ကြေးပေးနေကြတာပါ။  Mourinho ဟာ ရာသီအစပိုင်းမှာ အသင်းဆရာဝန် Caneiro နဲ့ ပြဿနာတွေ ဖြစ်ပေါ်ပြီးနောက်မှာ ရလဒ်တွေ တောက်လျှောက်ကျဆင်းခဲ့ပြီး သူ့ရဲ့ ပြောဆိုပုံတွေကြောင့် FA ရဲ့ အရေးယူမှုကိုလည်း မကြာခဏခံခဲ့ရတာပါ။ လီဗာပူးလ်ကို  ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာလည်း မိဒီယာတွေကို မချေမငံပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment