Powered by Blogger.

နည်းပြ Mourinho အတွက် အခြေအနေ မကောင်းခဲ့ဘူးလို့ Oscar ပြော




ချယ်လ်ဆီးနည်းပြ Mourinho ဟာ ဖိအားတွေ အောက်ကို ရောက်နေပြီး သူ့အတွက် အခြေအနေမကောင်းတော့ဘူးလို့ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Oscar နဲ့ Ramires တို့က လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြောကြားခဲ့ကြတာပါ။ ဒါပေမယ့်လည်း Mourinho ဟာ မန်ယူနဲ့ ပွဲမတိုင်ခင်အထိ နည်းပြအဖြစ်ဆက်ရှိနေနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ Ramires ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လီဗာပူးလ်အသင်းရဲ့ ဖိအားပေးတာကို ခံခဲ့ရပြီး သုံးဂိုးပြန်အသွင်းခံခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းဟာ အဆိုးဝါးဆုံး ရာသီအစ အဖွင့်ရလဒ်ကို ကြုံနေရပေမယ့် Mourinho ရဲ့ နောက်ကနေပဲ အားလုံးက ထောက်ခံထားကြတယ်လို့ Oscar နဲ့ Ramires တို့က ဖွင့်ဟခဲ့ကြပါတယ်။
 " အားလုံးကတော့ Mourinho အတွက် ကြိုးစားပေးနေကြတယ်။ ဒါပေမယ့် အခြေအနေအားလုံးက Mourinho ရော အသင်းသားတွေရော ပရိသတ်တွေရော နောက်ဆုံးအသင်းအတွက်ပါ စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ တစ်သင်းလုံးက အနိုင်ရဖို့ ပြန်ကြိုးစားခဲ့တယ်။ ပထမပိုင်းကစားပုံကောင်းခဲ့ပေမယ့် ဒုတိယကပိုင်းမှာ သူတို့က ခက်ခဲအောင် လုပ်သွားခဲ့တယ် "
 လို့ Oscar က ပြောပါတယ်။

ဦးဆောင်ဂိုးသွင်းခဲ့တဲ့ Ramires ကလည်း " ဒုတိယပိုင်းမှာ သူတို့ကစားပုံက ကျွန်တော်တို့ထက် အများကြီးကောင်းခဲ့တယ်။ ကျွန်တော်တို့မှာလည်း ဒုတိယဂိုးရနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ပါဘူး ပွဲပြီးတဲ့အချိန်မှာ အားလုံးက အဝတ်လဲခန်းထဲမှာ စိတ်ပျက်နေကြတယ် " လို့ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် အခုထက်ထိတော့ Mourinho ကို အသင်းဘုတ်အဖွဲ့က စောင့်ကြည့်နေလျက်ရှိတယ်လို့ သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment