Powered by Blogger.

ယခုရာသီအာဆင်နယ်မှာ ခြေစွမ်းပြနေရတဲ့ အကြောင်းရင်းကို Cazorla ဖွင့်ဟ




ယခုရာသီမှာ အာဆင်နယ်အသင်းရဲ့ ကစားကွက်ကို ပုံဖော်ပေးနေနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးပေးနေခဲ့တဲ့ Cazorla က ကွင်းလယ်နေရာမှာ သူ ခြေစွမ်းပိုပြလာနိုင်တဲ့ အကြောင်းရင်းကို ဖွင့်ဟလိုက်တာပါ။ စပိန်သားဟာ အခုရာသီမှာ Creative wide man နေရာကနေ Holding midfielder နေရာကို ပြောင်းကစားခဲ့ရပြီး မာလာဂါနဲ့ ဆီဗီလာအသင်းမှာတုန်းက ကစားခဲ့တဲ့ ခြေစွမ်းမျိုးပြန်ရလာခဲ့တာပါ။


သူနဲ့ Coquelin တို့ဟာ ကွင်းလယ်ဗဟိုမှာ အထိုင်ကစားခဲ့ပြီး သူ့ရဲ့ကစားပေါက်ကိုလည်း ပြောင်းလဲပစ်ခဲ့ရတာပါ။ သူဟာအဲ့လိုမျိုးတစ်ခါမှတော့ မကစားခဲ့ဘူးပေမယ့် သူဟာ နည်းစနစ်ပိုင်းအရ ကွင်းလယ်မှာ အကောင်းဆုံးပုံစံကို ရောက်ရှိခဲ့ပြီး တိကျတဲ့ ဘောလုံးပေးပို့မှုတွေကို ပြုလုပ်နိုင်ခဲ့တာပါ။
"နည်းပြက ကျွန်တော့်ကို အထဲကိုဝင်ကစားခိုင်းခဲ့တယ်။ အဲ့နေရာက ကျွန်တော်နဲ့အသင့်တော်ဆုံးဖြစ်ခဲ့တယ်"လို့ သူကပြောပါတယ်။


"အသင်းနောက်တန်းကို ပြန်ထောက်ပံ့ရတဲ့ ကစားဟန်မျိုးကို ကျွန်တော်တော်တော်ကြိုက်တယ်။ ရှေ့တန်းကလူတွေကိုလည်း ဖြတ်တင်ဘောတွေနဲ့ အကျိုးပြုပေးနိုင်ခဲ့ပါတယ်။ ဒီနေရာဟာ အာဆင်နယ်ရဲ့ အသက်လို့ ကျွန်တော်မြင်တယ်။ ရှေ့နဲ့နောက်ကို ချိတ်ဆက်ရတာက ကျွန်တော့်ကို ပိုပြီး အကျိုးပြုတယ်လို့ ထင်ပါတယ်။ ရှေ့တန်းကို စိတ်ဖြောင့်ဖြောင့်နဲ့ ထိုးဖောက်နိုင်အောင် ကူညီပေးရပြီး ပြိုင်ဘက်တိုက်စစ်ကို နှောင့်ယှက်ရတာက အတော်ကောင်းပါတယ်" လို့ သူကပြောပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment