Powered by Blogger.

ဘာကာတိုက်စစ်မှူး Neymar ကို ခေါ်ယူဖို့ မန်ယူက အနီးကပ်ဆွေးနွေးနေ



ဘာစီလိုနာ အကျော်အမော်  Neymar ကို ခေါ်ယူဖို့အတွက် မန်ယူက အနီးကပ်ဆွေးနွေးနေတယ်လို့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်း Laporta ကပြောခဲ့တာပါ။ ဘာစီလိုနာရဲ့ နာမည်ကျော် တိုက်စစ်အတွဲ MSN ထဲက နှစ်ယောက်ဖြစ်တဲ့ Messi နဲ့ Neymar တို့ဟာ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေပေမယ့် အသင်းရဲ့ ဥက္ကဌဟောင်း Laporta ကတော့ Messi ကတော့ အသင်းပြောင်းမှာ မဟုတ်ဘဲ အခြားတိုက်စစ်မှူးဖြစ်တဲ့ Neymar ကသာ အသင်းပြောင်းမယ်လို့ ပြောလိုက်တာပါ။


 အသင်းဥက္ကဌဟောင်းကတော့ ဘာစီလိုနာဟာ အင်္ဂလန်ကလပ်မန်ယူအသင်းက အထူးစိတ်ဝင်စားနေတဲ့ ဘရာဇီးသား Neymar ကိုပဲ ရောင်းချနိုင်ချေရှိတယ်လို့ ပြောလိုက်တာပါ။ ဒါကြောင့် MSN တိုက်စစ်အတွဲက Neymar ကပဲ ပြောင်းရွှေ့သွားနိုင်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ အသင်းကနေ ဘယ်တော့မှ ထွက်ခွာတော့မှာ မဟုတ်ဘူးလို့ သူကယုံကြည်နေတာပါ။ 


" Messi ကတော့ ဘယ်တော့မှ အသင်းပြောင်းမှာ မဟုတ်ပါဘူး။ 
သူဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးပါ။ ကျွန်တော်အသင်းရဲ့ ဥက္ကဌလုပ်တုန်းကဆိုရင် တခြားအသင်းတွေကို Messi ကို ကမ်းလှမ်းမှုတွေ အများကြီးရခဲ့တယ်။ သူ့ရဲ့စာချုပ်လျော်ကြေးကိုပါ ပေးတဲ့ကမ်းလှမ်းမှုတွေရှိခဲ့တယ်။ ဒါပေမယ့် ကမ်းလှမ်းမှုတိုင်းကို ကျွန်တော်ကတော့ ပယ်ချခဲ့ပါတယ်။ အခု Neymar အလှည့်မှာတော့ မတူတော့ပါဘူး"


"အခုအသင်းက ဘဏ္ဍာရေးပြဿနာရှိတယ်။ လက်ရှိဥက္ကဌကတော့ အသင်းက ကစားသမားအချို့ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်။ အကောင်းဆုံးအဖြေပါပဲ။ Neymar ကို မန်ယူက ခေါ်ယူဖို့ စကားလာပြောနေတယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိဥက္ကဌရဲ့ အသင်းကို စီမံခန့်ခွဲမှုမလုပ်နိုင်လို့ပါ " လို့  Laporta ကပြောပါတယ်။ ဒါ့ကြောင့် Neymar ကို မန်ယူအသင်းအနေနဲ့ တကယ်ပဲခေါ်ယူသွားနိုင်မလားဆိုတာ 

စောင့်ကြည့်ရတော့မှာပါ။ 

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment