Powered by Blogger.

ချယ်လ်ဆီးက မိမိကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Alex Teixeira ပြော



ရှက်တာဒိုးနက်အသင်းရဲ့ အဓိကတောင်ပံကစားသမား Alex Teixeira က ချယ်လ်ဆီးအသင်းက သူ့ကို
 ခေါ်ယူဖို့ စိတ်ဝင်စားနေသလို သူ့ကိုလည်း ပရီးမီးယားလိဂ်ကို ပြောင်းကစားဖို့ အကြံဥာဏ်ပေးမှုတွေကိုလည်း ရရှိထားတယ်လို့ ပြောပါတယ်။ သူဟာ ဘရာဇီးနိုင်ငံသားဖြစ်ပြီး ကွင်းလယ်မှာပဲ အများဆုံးကစားခဲ့ရပေမယ့် သူ့အနေနဲ့ ၁၁ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ဥရောပမှာ  Robert Lewandowski နဲ့ Pierre-Emerick Aubameyang တို့လိုပဲ ဂိုးတွေမြူးနေခဲ့တာပါ။ 


သူဟာ  Douglas Costa နဲ့  Luiz Adriano ဟာ ဘိုင်ယန်မြူးနစ်နဲ့ အေစီမီလန်အသင်းတို့ကို
 ပြောင်းရွှေ့သွားမှ အသင်းမှာ ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကိုလည်း ပြသနေတာပါ။ 
ဒါကြောင့် သူဟာလည်း နောင်တော်တွေ လမ်းစဉ်အတိုင်း အသင်းပြောင်းကစားဖို့ အစီအစဉ်ရှိနေတာ
လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂိုးမိုးခေါင်နေတဲ့ ချယ်လ်ဆီးအသင်းက သူ့ကိ အဓိကခေါ်ယူချင်နေတာပါ။ 


"ချယ်လ်ဆီးလိုအသင်းကြီးတစ်သင်းက စိတ်ဝင်စားနေတယ်ဆိုလို့ ပျော်ပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ကစားရဖို့ကတော့ အိပ်မက်ပါပဲ။ ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီ" လို့ Alex Teixeira ကပြောပါတယ်။ ဒါ့ကြောင့် လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့ပုံပြင်တွေကတော့ ဘယ်လိုလာအုံးမယ်ဆိုတာ စောင့်ကြည့်ရအုံးမှာပါ။ 


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
        
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment