Powered by Blogger.

အသင်းက ပထမဆုံး clean sheet ရယူနိုင်ခဲ့လို့ ကစားသမားတွေကို ပီဇာကျွေးခဲ့တဲ့ Ranieri




ပဲလေ့စ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ယခုရာသီရဲ့ပထမဆုံး clean sheet ကို ရယူနိုင်ခဲ့တဲ့အတွက်  လက်စတာအသင်းနည်းပြ  Ranieri က အသင်းသားတွေကို ပီဇာနဲ့ ပြုစုခဲ့တယ်လို့ သိရပါတယ်။ သူဟာ အသင်းသားတွေအတွက် လက်စတာမြို့က Peter Pizzeria ပီဇာဆိုင်မှာ အသင်းသားတွေကို ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ရာသီသစ်မှာ အကောင်းဆုံးပုံစံတစ်ခုနဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့်ငါးမှာ ရပ်တည်နေခဲ့ပြီး ရှုံးပွဲတစ်ပွဲသာ ရှိသေးပါတယ်။


အီတလီလူမျိုးနည်းပြကတော့ သူဟာ နည်းပြခဲ့တဲ့ အသင်းတွေမှာလည်း အခုလိုလုပ်ပေးခဲ့ဖူးပြီး အသင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒီနေ့ညမှာတော့ သူတို့ အုပ်စုဟာ ဝက်စ်ဘရွန်းအသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့်လေးနေရာကို တက်လှမ်းဖို့ ကြိုးစားကြမှာပါ။



သူတို့အသင်းဟာ ပိုမိုစုစည်းမှုအားကောင်းလာပြီး ကင်းပါဝါမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။ သူဟာ အသင်းရဲ့ ပရိတ်သတ်တွေကို အမြဲ တလေးတစားဆက်ဆံလေ့ရှိပြီး ပရီးမီးယားလိဂ်ရဲ့ အနွေးထွေးဆု့းနည်းပြတွေထဲက တစ်ယောက်လို့ သူ့အသင်းသားတွေက ညွှန်းဆိုကြပါတယ်။

"ကျွန်တော်တို့အသင်းဟာ ပ်ီဇာတစ်ခုလိုပါပဲ။ ကျွန်တော်တို့ တစ်သင်းလုံးက ခရမ်းချဉ်သီးလေးတွေပေါ့ ၊ ကံကောင်းမှုကတော့ ဆားပါ။ ဆားခတ်လိုက်ရင် အားလုံးပြီးပြည့်စုံသွားပါလိမ့်မယ်။ ကျွန်တော် Cleansheet ရခဲ့လို့ ဒီပွဲလေးကို လုပ်ပေးတာပါ။ အကယ်လို့သာ နှစ်ဂိုးတစ်ဂိုးဆိုရင်တော့ ဂိုးတစ်ဂိုးပေးလိုက်ရလို့ ကျွန်တော် စိတ်မသက်မသာဖြစ်နေပါလိမ့်မယ်။ လာမယ့် ဝက်စ်ဘရွန်းနဲ့ ပွဲမှာလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ Tony pulis က အကောင်းဆုံးနည်းပြတစ်ယောက်ပါ " လို့  Ranieri ကပြောခဲ့တာပါ။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment