Powered by Blogger.

တောင်ပံကစားသမားအဖြစ် Kieran Gibbs ကို Arsene Wenger ပွဲထုတ်ဖွယ်ရှိ



အာဆင်နယ်အသင်းနည်းပြ Arsene Wenger ဟာ တောင်ပံကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဘယ်နောက်ခံကစားသမား   Kieran Gibbs ကို
အရေးပေါ်တောင်ပံကစားသမားအဖြစ် အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းက အားထားရတဲ့  Theo Walcott နဲ့ Alex Oxlade-Chamberlain တို့ဟာ သုံးပတ်စီအနားယူရမယ်လို့ အတည်ပြုပြီးတဲ့နောက်မှာ အခုလို  Kieran Gibbs ကို အရေးပေါ်တောင်ပံကစားသမားအဖြစ် အသုံးပြုဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆွမ်ဆီး ၊ ဘိုင်ယန် ၊ စပါးတို့နဲ့ ပွဲကျပ်တွေ ကစားရမှာဖြစ်ပြီး ကစားသမား ရှစ်ဦးအထိ ဒဏ်ရာရနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Wenger ဟာ ဘယ်နောက်ခံကစားသမား  Kieran Gibbs ကိုတောင်ပံကို တက်ကစားစေဖို့ လုပ်ဆောင်နေပြီး Sanchez ကို ညာဘက်ကို ရွှေ့ဖို့
လုပ်နေတာပါ။ လူငယ်ကစားသမားတွေဖြစ်တဲ့ Joel Campbell နဲ့ Alex  Iwobi တို့ကိုတော့ ညာတောင်ပံမှာ ဝင်ကစားစေဖို့ စီမံထားတယ်လို့လည်း
သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment