Powered by Blogger.

EPL မှာ အင်္ဂလိပ်ကစားသမားများ အခွင့်အရေးနည်းပါးလာမှုကို Paul Scholes ဝေဖန်


အင်္ဂလိပ်ကစားသမားတွေဟာ ဒီပြိုင်ပွဲရဲ့ အပြင်ဘက်ကိုရောက်နေပြီး နိုင်ငံခြားသား ကစားသမားတွေနဲ့သာ ပြည့်နှက်လျက်ရှိနေတယ်လို့ Scholes ကပြောပါတယ်။ မန်ယူကွင်းလယ်ကစားသမားဟောင်းက လူငယ်အကယ်ဒမီတွေမှာ အင်္ဂလိပ်ကစားသမားတွေကို များများမမွေးထုတ်ပေးနိုင်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အကယ်ဒမီတွေကို အင်္ဂလန်အသင်းကို ပျက်စီးအောင်လုပ်နေတယ်လို့ ပြောပါတယ်။ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ကစားသမားတွေမှာလည်း နိုင်ငံခြားသားကစားသမားတွေကပဲ လွှမ်းမိုးနေတယ်လို့ Scholes က ပြောပါတယ်။


"အင်္ဂလိပ်လူငယ်ကစားသမားလေးတွေကို ဘယ်အသင်းက အခွင့်အရေးပေးထားလဲ? သူတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး။ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လူငယ်အသင်းတွေကို ကြည့်လိုက်ပါ။ အင်္ဂလိပ်
ကစားသမားလေးတွေအတွက် ဘယ်နှနေရာရှိလဲ။ ဒါဟယ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့ အင်္ဂလန်အသင်းဟာ ကစားသမား အကျပ်အတည်း ဘာလို့ ကြုံရတယ်ဆိုတာ ဒါကသက်သေပဲလေ" လို့ Scholes က ထောက်ပြခဲ့တာပါ။

ရှက်ဖီးအသင်းကို ရှုံးခဲ့တဲ့ပွဲတုန်းကလည်း အာဆင်နယ်အသင်းဟာ လူငယ်အတော်များများကို ပွဲထုတ်ခဲ့ပြီး Glen Kamara(ဖင်လန်) ၊ Ismael Bennacer(ပြင်သစ်) ၊  Krystian Bielik (ပိုလန်) စတဲ့ လူငယ်တွေကို ပွဲထုတ်ခဲ့တာပါ။

ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမားလေးယောက်ထဲက Alex Iwobi ဟာလည်း အင်္ဂလန်လူငယ်
အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် အခုဆို သူ့မွေးရပ်နိုင်ငံ နိုင်ဂျီးရီးယားအသင်းကို ကိုယ်စားပြုလိုက်တာကြောင့် အင်္ဂလန်လူငယ်တစ်ယောက်မှ မပါဝင်လာတာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း  Bertrand Traore ဆိုတဲ့ ဘာကီနာဖာဆို လူငယ်လေးကို လိဂ်ဖလားမှာနေရာပေးခဲ့တာပါ။

 မန်စီးတီးကတော့ ပဲလေ့စ်နဲ့ လိဂ်ဖလားပွဲမှာ အင်္ဂလိပ်ကစားသမားတစ်ယောက်မှ မပါဝင်ပဲ လိဂ်ဖလားသမိုင်းမှာ အင်္ဂလန်ကစားသမားမပါဝင်ဘဲ ကစားတဲ့ ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။ Sir Alex Ferguson လက်ထက်မှာတော့ အင်္ဂလန်လူငယ်တွေဖြစ်တဲ့  Scholes , David Beckham, Gary Neville နဲ့ Nicky Butt စတဲ့ အင်္ဂလိပ်လူငယ်တွေဟာ လျှမ်းလျှမ်းတောက်ခဲ့ပြီး  မျက်နှာပန်းလှခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment