Powered by Blogger.

နည်းပြသစ် Klopp လက်အောက်တွင် တစ်သက်လုံးကစားချင်သည်ဟု လီဗာပူးလ်နောက်ခံလူ Moreno ပြော





လီဗာပူးလ်အသင်းနောက်ခံလူ Alberto Moreno ဟာ နည်းပြဟောင်း Rodgers လက်အောက်မှာ ကစားတုန်းက ခက်ခဲတဲ့ အချိန်တွေများနေခဲ့ပေမယ့်လည်း နည်းပြသစ်  Klopp ရဲ့ လက်အောက်မှာဆိုရင်တော့ အမြဲတမ်းကစားချင်မိတယ်လို့ ပြောပါတယ်။စပိန်ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က
 ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တိုက်စစ်မှူး Mane ကို အကောင်းဆုံးခြေစွမ်းနဲ့
ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် သူဟာနည်းပြသစ် Klopp ရဲ့ယုံကြည်မှုကို ရရှိလာခဲ့တာဖြစ်ပါတယ်။


နည်းပြဟောင်း Rodgers ရဲ့ လက်အောက်မှာတုန်းကဆိုရင် သူဟာ လူစားဝင်ကစားသမားတစ်ယောက်အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့ပြီး Rodgersဟာ သူ့ကို ယုံကြည်မှုနည်းပါးခဲ့တယ်လို့ Moreno က ဖွင့်ဟခဲ့ပါ
တယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆီဗီလာအသင်းကနေ လီဗာပူးလ်ကို ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ Moreno က " Rodgers ဟာ ကျွန်တော့် အပေါ်မှာ လုံလောက်တဲ့ ယုံကြည်မှုမရှိခဲ့ပါဘူး။ လေ့ကျင့်ခန်းကိုသာ ကြိုးစားလုပ်ဖို့ ပြောခဲ့ပြီး ရာသီအစ လေး ငါးပွဲလောက် ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ကျွန်တော် စပြီး
ပွဲထွက်ခွင့် ရခဲ့တဲ့ စတုတ်နဲ့ ပွဲမှာဆိုရင် Cleansheet ရခဲ့တယ်။ ဒါပေမယ့် သူက နောက်တန်းကို
ပြောင်းလဲဖို့ အစီအစဉ်မရှိခဲ့ဘဲ ကျွန်တော့်ကို အခွင့်အရေးမပေးခဲ့ဘူး " လို့ Moreno က ပြောခဲ့ပါတယ်။


" Rogers က ကျွန်တော့်ကို ပွဲမထုတ်ခဲ့ဘဲ Joe Gomez ကို ပိုပြီး အခွင့်အရေးပေးခဲ့တယ်။ ကျွန်တော် စပိန်ကို ပြန်ဖို့အထိတောင် စဉ်းစားခဲ့တာ။ ဒေါသတွေလည်း ထွက်ခဲ့ရတယ်။ ကျွန်တော် လေ့ကျင့်ခန်းလည်း ကောင်းကောင်းလုပ်နိုင်တယ်။ ကောင်းကောင်းလည်း ကစားနိုင်ပါရက်နဲ့ အခွင့်အရေးမပေးခဲ့ဘူးလို့ " Moreno က ပြောပါတယ်။ လီဗာပူးလ်အသင်းဟာ နည်းပြသစ် Klopp လက်ထက်မှာ ပထမဆုံးနိုင်ပွဲအဖြစ် လိဂ်ဖလားမှာ ဘုန်းမောက်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment