Powered by Blogger.

မန်ယူကို ကာလတိုစာချုပ်နဲ့ Ibrahimovic လာရောက်ကစားဖွယ်ရှိနေ



Daily Express သတင်းစာရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ PSG တိုက်စစ်မှူး Ibrahimovic ကို ကာလတိုစာချုပ်တစ်ခုနဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း PSG က ထွက်ခွာခဲ့တာနဲ့ မေဂျာလိဂ်ကို တိုက်ရိုက်မပြောင်းရွှေ့ချင်သေးဘဲ ပရီးမီးယားလိဂ်မှာ ကာလတိုစာချုပ်နဲ့ လာကစားချင်တယ်လို့ ဝန်ခံထားပါတယ်။ မန်ယူကစားသမားဟောင်း David Beckham ဟာ မေဂျာလိဂ်မှာ
မိုင်ယာမီကိုယ်စားပြုအသင်းတစ်သင်းကို တည်ထောင်ထားပြီး Ibrahimovic ကို သူ့အသင်းမှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။


Ibrahimovic ဟာ ပီအက်စ်ဂျီအသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပြီး တစ်ဦးချင်းရော အသင်းလိုက်ပါ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ မန်ယူအသင်းဟာလည်း လိဂ်ဖလားက ထွက်ရအပြီးမှာ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ Ibrahimovic ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မန်ယူအသင်းနဲ့ PSG အသင်းကြားမှာ Ibrahimovic ရဲ့ အပြောင်းအရွှေ့က
တကယ်ပဲဖြစ်မြောက်လာမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


ဒါ့အပြင်မန်ယူအသင်းဟာ အီတလီကလပ် ဆာဆူအိုလိုတိုက်စစ်မှူး Domenico Berardi ကို လီဗာပူးလ်အသင်းနဲ့ အပြိုင် ကြိုးပမ်းနေတယ်လို့ Football Italia က ဖော်ပြပါတယ်။ သူဟာ ပေါင် ၁၃ သန်းတန်ကြေးရှိပြီး ဆာဆူအိုလိုအသင်းအတွက် ဂိုးတွေရယူပေးနေတာကြောင့် သူ့ကို ခေါ်ယူလိုနေကြတယ်လို့ သိရပါတယ်။ နောက်တစ်ယောက်ကတော့ လေဗာကူဆင်က တူရကီကွင်းလယ်လူ Calhanoglu ဖြစ်ပြီး ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment