Powered by Blogger.

မန်ယူကို လုံးဝ မပြောင်းရွှေ့ချင်ခဲ့ဘူးလို့ Di Maria ပြော



Angel di Maria ဟာ သူကအနေနဲ့ မန်ယူကို ဘယ်တုန်းကမှ မပြောင်းချင်ခဲ့ဘဲ တတ်နိုင်သလောက်မြန်မြန် အသင်းကနေ ထွက်ခွာဖို့သာ စိတ်ကူးခဲ့တယ်လို့ ပြောပါတယ်။ မန်ယူအသင်းမှာ သူဟာ စိတ်ပျက်စရာ ရာသီကို တွေ့ကြုံခဲ့ရပြီး ပေါင် ၅၉ သန်းနဲ့ တန်တဲ့ ခြေစွမ်းကို မပြသနိုင်ခဲ့ပါဘူး။ သူဟာ မန်ယူကို မပြောင်းရွှေ့ခင်က နှလုံးသားဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ရှိနေပြီး ပြောင်းရွှေ့ရမယ်ဆိုရင်တောင် PSG ကိုပဲ ပြောင်းချင်ခဲ့တယ်လို့ ပြောပါတယ်။



"ကျွန်တော် ပြောင်းရွှေ့ကြေးတွေ ကြားမှာ ဗျာများခဲ့ရတယ်။ ပြောင်းရွှေ့ကြေးကို လိုက်ပြီး ကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်းတောင် မသိပါဘူး။ကျွန်တော် မန်ယူရောက်တုန်းက ရာသီအဖွင့်မှာ အကောင်းဆုံးပုံစံမှာ ရှိခဲ့တယ်။ ပြီးတော့ အသင်းကလူတစ်ချို့နဲ့ ပြဿနာဖြစ်ခဲ့တယ်။ အဲ့ဒီနောက်မှာ ကျွန်တော် အရန်ခုံမှာ ထိုင်ခဲ့ရတော့တယ်။ ပြီးတော့ ကျွန်တော့်အိမ် ဓားပြတိုက်ခံရတယ်။ ဒါတွေက အသင်းကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားစေချင်တဲ့ အကြောင်းရင်းတွေပေါ့ " လို့ ပြောခဲ့တာပါ။


"PSG က ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိနေလို့ ဆောင်းရာသီမှာ မခေါ်ယူခဲ့တာပါ။ ဒါ့ကြောင့် မန်ယူမှာ အချိန်တွေ ကုန်သွားခဲ့ရပါတယ်။ PSG ကို ပြောင်းခွင့်ရခဲ့လို့ ကျွန်တော် အရမ်းကို ပျော်နေပါပြီ။ နည်းပြ Ancelloti လက်အောက်မှာ ကစားခဲ့ရတဲ့ အချိန်တွေကို အရမ်းတမ်းတနေမိပါတယ်"လို့လည်း
Di Maria က ပြောသွားခဲ့ပါသေးတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment